Connect with us

Africa & Middle East

ဆီးရီးယား ရှေးဟောင်းမြို့တော် Palmyra တွင် အစုအလိုက် အပြုံလိုက် မြှုပ်နှံထားသည့် လူသေအလောင်းများ တူးဖော်တွေ့ရှိ

ဆီးရီးယားနိုင်ငံ Palmyra ရှေးဟောင်းမြို့တော် အားတွေ့ရစဉ် (ဆင်ဟွာ)

ဒမ်မက်စကတ်စ် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Palmyra ရှေးဟောင်းမြို့တော် အနီးတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ဆီးရီးယား စစ်သားရုပ်အလောင်း ၆၅ လောင်းကို မေလ ၂၆ ရက်က တူးဖော်တွေ့ရှိကြောင်း နိုင်ငံတွင်းရှိ လူနည်းစု မျိုးနွယ်စု တစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။

Palmyra မြို့ဟောင်း လေဆိပ် အနီးတွင် တူးဖော်တွေ့ရှိခဲ့သူများသည် ဆီးရီးယား စစ်သားများနှင့် မဟာမိတ် တပ်ဖွဲ့မှ တိုက်ခိုက်ရေး သမားများဖြစ်သည်။ ထိုသူများသည် IS အကြမ်းဖက် တပ်ဖွဲ့က ယင်းဒေသကို ထိန်းချုပ်ထားခဲ့သည့် ၂ဝ၁၅ ခုနှစ် မေ လ မှ ၂ဝ၁၆ ခုနှစ် မတ်လ အတွင်း အသတ်ခံကြရသူများ ဖြစ်သည်။
ဆီးရီးယား တပ်ဖွဲ့သည် ၂ဝ၁၆ ခုနှစ် မတ်လ နှောင်းပိုင်းတွင် Palmyra မြို့အား ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက IS အကြမ်းဖက် အဖွဲ့သည် ဆီးရီးယား စစ်သား တစ်ဦးချင်းစီအား သုတ်သင် သတ်ဖြတ်နေသည့် ဗီဒီယို ရုပ်သံ တစ်ခုကို ထုတ်လွှင့် ပြသခဲ့သည်။
Al-Shaer သဘာဝ ဓာတ်ငွေ့မြေကို ထိန်းချုပ်နိုင်ရန် နိုင်ငံအလယ်ပိုင်း Homs ပြည်နယ်၏ အရှေ့ပိုင်း နယ်မြေများကို သိမ်းပိုက်နိုင်ရေး အတွက် ဆီးရီးယားတပ်ဖွဲ့နှင့် IS တို့အကြား T4 ဟုခေါ်သည့် Palmyra လေတပ် စခန်းအနီး မကြာမီက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
လက်ဘနွန်မှ ဟစ္စဘိုလာ အဖွဲ့ဝင် တိုက်ခိုက်ရေးသမားများ ကျောထောက်နောက်ခံ ပေးထားသည့် ဆီးရီးယန်း တပ်ဖွဲ့များသည် တန်ပြန် တိုက်စစ်များ ဆင်နွှဲပြီးနောက် သတင်းများအရ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေသည့် အဆိုပါ ဒေသအတွင်းရှိ ရေနံမြေ တစိတ်တပိုင်းကို ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.