Connect with us

Africa & Middle East

လိုက်ဘေးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရုပ်သိမ်း

လိုက်ဘေးရီးယားအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအတွင် ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၂၆ ရက် (ဆင်ဟွာ)

လိုက်ဘေးရီးယား နိုင်ငံအပေါ် ဆယ်စုနှစ် တစ်ခုကျော်ကြာ အရေးယူ ပိတ်ဆို့ထားမှုများအား အဆုံးသတ်ပေးမည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မေလ ၂၅ ရက်၌ ကြေညာ လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက် အသစ်သည် နိုင်ငံအတွင်းသို့ လက်နက်များ တင်သွင်းမှုအား ကန့်သတ်ထားမှုနှင့် ကျွမ်းကျင်မှုဘောင်နှင့် ကော်မတီတို့နှင့် ဆက်စပ်လျက် ရှိသော ကန့်သတ်မှုများကိုလည်း အဆုံးသတ်စေမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်များအတွင်းကလည်း လိုက်ဘေးရီးယားအပေါ်ကန့်သတ်မှုများအား လျှော့ချခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလက သြဇာတိက္ကမ ကြီးမားသော ကုလသမဂ္ဂ ခေါင်ဆောင်ပိုင်းများ ခရီးသွားလာခွင့်နှင့် ပိုင်ဆိုင်မှုများ ပိတ်ပင်ထားမှုများအား လျှော့ချပေးခဲ့သည်။
လိုက်ဘေးရီးယား နိုင်ငံအတွင်း တရားမဝင် လက်နက် ရောင်းဝယ်ခြင်း နှင့် စိန်ကုန်သွယ်မှုများ ပြုလုပ်သည့် ပြိုင်ဘက် အဖွဲ့အစည်းများ အကြား ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းအား တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရခြင်းမှာ နိုင်ငံအတွင်း အပစ်အခတ် ရပ်စဲခြင်း၊ လက်နက် ဖျက်သိမ်းရေး အပြီး သတ်ခြင်း၊ လုံခြုံရေး ကဏ္ဍ ပြန်လည် တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု အကောင်အထည် ဖော်ခြင်း စသည့် အကြောင်းအချက်များကြောင့် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၅၂၁ အရ သဘောတူခဲ့ ခြင်းတို့ကြောင့် ဖြစ်သည်။
ထိုဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ကြောင်း လုံခြုံရေးကောင်စီ၏ လုပ်ဆောင်မှုက လိုက်ဘေးရီးယားနှင့် ဒေသခွဲအတွင်းရှိ နိုင်ငံများ၏ တည်ငြိမ်မှု ထိန်းသိမ်းရေး လုပ်ဆောင်မှုအား ပိုမို အရေးပါစေမည် ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117