Africa & Middle East
မော်ရိုကို တွင် ဆေးခြောက် သုံးတန် ဖမ်းဆီးရမိ
ရာဘတ်၊ မေ ၃၀ ရက် (ဆင်ဟွာ)
မော်ရိုကို နိုင်ငံ ရဲတပ်ဖွဲ့သည် Casablanca မြို့တွင် မေလ ၂၉ ရက်နေ့က ဆေးခြောက် သုံးတန် တင်ဆောင် လာသည့် ကုန်တင်ထရပ်ကား တစ်စီး အား ဖမ်းမိရမိခဲ့ကြောင်း သိရသည်။
ထရပ်ကား ပေါ်တွင် လိုက်ပါလာသည့် အသက် ၃၀ မှ ၄၄နှစ်အတွင်းရှိ သံသယရှိသူ သုံးဦးအား ဖမ်းဆီး ခဲ့ကြောင်း နှင့် ၎င်းတို့ အနက် တစ်ဦးမှာ ရဲတပ်ဖွဲ့က အလိုရှိသည့် စာရင်းတွင် ပါဝင်သူ တစ်ဦး ဖြစ်ကြောင်း အမျိုးသား ရဲတပ်ဖွဲ့က ထုတ်ပြန်ချက် တစ်ခု တွင် ပြောကြားခဲ့သည်။
တရားခံများအား ထိန်းသိမ်းထားကြောင်းနှင့် ယင်း ဆေးခြောက် သယ်ဆောင်မှု နှင့် ပတ်သက်နေသည့် အခြား ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်း စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
မော်ရိုကိုနိုင်ငံ သည် ကမ္ဘာပေါ်ရှိ အများဆုံး ဆေးခြောက်ထုတ်လုပ် သည့် နိုင်ငံများ အနက် တစ်ခု ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ အကောက်ခွန် အာဏာပိုင်များက ၂၀၁၃ခုနှစ် တွင် နိုင်ငံတကာ အကောက်ခွန်ဌာများမှ ဖမ်းဆီး ရမိသော ဆေးခြောက်များ၏ ၆၅ရာခိုင်နှုန်း သည် မော်ရိုကိုနိုင်ငံ မှ ဖြစ်ကာ အများစု သည် ဥရောပနိုင်ငံ များသို့ ပို့ဆောင်ရန် ဦးတည်နေကြောင်း သိရသည်။ (Xinhua)