Media
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ ချက်ချင်းရပ်တန့်ရန် တောင်းဆို
ကုလသမဂ္ဂ၊ မေ ၁၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြားဖြစ်ပွားနေသည့် ပဋိပက္ခများ ချက်ချင်းရပ်တန့်ရန် ပြီးခဲ့သည့် တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။
“တိုက်ပွဲများရပ်တန့်ရပါမယ်။ ချက်ချင်းကိုရပ်တန့်ကြပါ။ ဒုံးကျည်တွေမော်တာကျည်တွေနဲ့ပစ်ခတ်မှုတွေနဲ့ အခြားတစ်ဘက်မှ လေကြောင်းကတစ်ဆင့် ပစ်ခတ်တိုက်ခိုက်နေတာတွေအားလုံးရပ်တန့်ကြပါ။ ဒီပဋိပက္ခမှာပါဝင်နေသူအားလုံး ဒါတွေရပ်တန့်ဖို့ ကျွန်တော်တောင်းဆိုပါတယ်” ဟု ကုလလုံခြုံရေးကောင်စီ ၌ ဂူတာရက်စ်က ဆိုသည်။ (Xinhua)