Media
တရုတ်-ဗီယက်နမ်-လာအို နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုစတင်
နန်နင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်-ဗီယက်နမ်-လာအို နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုစတင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၏ ပထမဆုံးကုန်တင်ရထားသည် ပြီးခဲ့သည့် ကြာသပတေးနေ့က နန်နင်း နိုင်ငံတကာ ရထားပို့ဆောင်ရေးဂိတ်မှဗီယက်နမ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ဆောင်ကာ ထွက်ခွါခဲ့သည်။
နန်နင်းမှ ထွက်ခွါလာသည့် ဓါတ်မြသြဇာတင် ရထားတွဲ ၁၃ တွဲပါဝင်သည့်ရထားသည် Pingxiang ရထားဘူတာအားဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံသို့ အကောက်ခွန်စာရွက်စာတမ်းကင်းလွတ်ခွင့်ဖြင့် ရောက်ရှိမည်ဖြစ်သည်။တရုတ်-ဗီယက်နမ်-လာအို နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု သည် လယ်ယာထွက်ကုန်ပစ္စည်းများအားသယ်ဆောင်မည်ဖြစ်ပြီး ခရီးအကွာအဝေး စုစုပေါင်း ၁,၃၀၀ ကီလိုမီတာခန့် မောင်းနှင်မည်ဖြစ်ကာသယ်ယူပို့ဆောင်ရေးကြာချိန် ၄ ရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ (Xinhua)