Connect with us

Local

နိုင်ငံအတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရန် သီလဝါ ဆိပ်ကမ်းဒေသ၌ ဆီတင်/ချ ဆိပ်ကမ်း သုံးခု ဖွင့်လှစ်ထား

သီလဝါ ဆိပ်ကမ်းရှိ Green Asia Port Terminal (Thilawa) အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- Transport )

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

သီလဝါ ဆိပ်ကမ်းဒေသ၌ စက်သုံးဆီတင်/ဆီချ ဆိပ်ကမ်းကို အကောင်အထည်ဖော် တည်ဆောက် ပြီး စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် ယခုအချိန်တွင် Green Asia Port Terminal (Thilawa) အပါအဝင် စက်သုံးဆီတင်/ချ ဆိပ်ကမ်း ၃ ခုအထိ ဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုကဲ့သို့စက်သုံးဆီ တင်/ချ ဆိပ်ခံ တံတားကို ဖွင့်လှစ်နိုင်ခဲ့ခြင်းအားဖြင့် နိုင်ငံတော်၏ စက်သုံးဆီ လိုအပ်ချက်ကို ပြတ်လပ်မှု မရှိအောင် ဖြည့်ဆည်း ပေးနိုင်တော့မည်ဖြစ်ပြီး ကမ္ဘာ့ စက်သုံးဆီ ဈေးကွက်တွင် အတက်အကျ များနေသဖြင့် တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များကို သီလဝါ ဆိပ်ကမ်းအနီးဒေသ၌ စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးရေး အထောက်အကူပြု အဆောက်အအုံများ အလုံအလောက် အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ပြုသည့်အတွက် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း အတက်အကျကို အတိုင်းအတာ တစ်ခုအထိ ကာမိစေပြီး နိုင်ငံတော် အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရန် ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း တို့မှ တဆင့် စက်သုံးဆီ တင်သွင်းခဲ့မှုမှာ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ၁၄-၂ဝ၁၅ တွင် ၄၇ . ၆၅ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက် များပြားလာပြီး စက်သုံးဆီ တင်သွင်းခဲ့မှုမှာ ၂ဝ၁၂- ၂ဝ၁၃ ခုနှစ်တွင် စက်သုံးဆီ တန်ချိန် ၂ . ၂၂ သန်း၊၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၂ . ၃၅ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၃ . ၄၇ သန်း အထိ တင်သွင်းနိုင်ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၏ စာရင်းဇယားအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.