Media
အမြင့်ဆုံး ဇိမ်ခံဟိုတယ်ဖြစ်လာသည့် ရှန်ဟိုင်းတာဝါရှိ J Hotel အား ဖွင့်လှစ်
ရှန်ဟိုင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းမြို့၏အမြင့်ဆုံးနေရာတွင်တည်ရှိပြီး တိမ်စိုင်တိမ်သားများထဲတွင်ထိုးဖောက်ထွက်ပေါ်နေသည့် ရှန်ဟိုင်းတာဝါရှိ J Hotel အား ပြီးခဲ့သည့် စနေနေ့က ဖွင့်လှစ်ခဲ့ရာ ၎င်းမှာ ကမ္ဘာ့အမြင့်ဆုံး ဇိမ်ခံဟိုတယ်ဖြစ်လာမည်ဟုသိရသည်။
J Hotel ဟု အမည်ပေးထားသည့် ဟိုတယ်မှာ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦးအဖြစ် သတ်မှတ်ခံထားရသည့် ၆၃၂ မီတာ အမြင့်ရှိ ရှန်ဟိုင်းတာဝါပေါ်တွင် တည်ဆောက်ထားပြီး ရှန်ဟိုင်းကမ္ဘာ့ ကုန်သွယ်ရေးစင်တာနှင့် ကျင်းမောင် မျှော်စင် အနီး Pudong ခရိုင် Lujiazui စီးပွားရေးလုပ်ငန်းရပ်ဝန်း အလယ်ဗဟိုတွင်တည်ရှိသည်။
ဟိုတယ်ဧည့်ကြိုအဝင်ခန်းအား မျှော်စင်အဆောက်အဦ၏ ၁၀၁ ထပ်မြောက်တွင် ထားရှိရာ ၎င်းမှာ မြေပြင်မှ မီတာ ၄၇၀ တွင် တည်ရှိသည်။ ဧည့်ခန်းထဲတွင် အနုပညာလက်ရာပစ္စည်းပေါင်း ၁,၀၀၀ ကျော် အလှဆင် ခင်းကျင်းပြသထားသည်။
ဟိုတယ်၏ စားသောက်ဆိုင်များနှင့် ဘားများထဲတွင် သတ္တမမြောက် ဖြစ် သည့် Heavenly Jin အား မြေပြင်မှ ၅၅၆ မီတာအမြင့်တွင်တည်ဆောက်ထားပြီး ဟိုတယ်၏ အပေါ်ဆုံးအထပ် ၁၂၀ တွင်တည်ရှိသည်။ ထိုစားသောက်ဆိုင်ကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် ကမ္ဘာ့အမြင့်ဆုံးစားသောက်ဆိုင်တစ်ခု အဖြစ်စာရင်းတင်သွင်းထားသည်။
Jin Jiang International လုပ်ငန်းစုမှအကောင်အထည်ဖော်သည့် J Hotel ၌ အခန်းပေါင်း ၁၆၅ ခန်းပါဝင်ပြီးအခန်းတိုင်း၌ Lujiazui ဒေသ၏ ဝေဟင်မြင်ကွင်းနှင့်အတူ Huangpu မြစ်ကမ်းပါးတစ်လျှောက်ရှုမျှော်ခင်းများအားကြည့်ရှုနိုင်ရန် စီစဉ်တည်ဆောက်ထားသည်။
ခေတ်မီဆန်းသစ်သည့် အသုံးအဆောင်နေထိုင်မှုပုံစံဖန်တီးထားသည့် အဆိုပါဟိုတယ်သည် ရှန်ဟိုင်းတွင် ဈေးအကြီးဆုံး ဟိုတယ်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………………………….
GLOBALink | Shanghai Tower J Hotel sets new luxury height
SHANGHAI, June 19 (Xinhua) — In the clouds and on top of the city, the Shanghai Tower J Hotel opened on Saturday, claiming to be the tallest in the world.
As its name suggests, J Hotel is housed in the Shanghai Tower, the world’s second-tallest building at 632 meters, located in the central business district of Lujiazui, Pudong district, near the Shanghai World Financial Center and Jin Mao Tower.
The hotel lobby, believed to be the tallest of its kind, rises 470 meters above the ground to the 101st floor. Heavenly Jin, one of its seven restaurants and bars, lies atop the hotel on the 120th floor at a height of 556 meters. It is applying for the Guinness World Records for the highest restaurant.
Operated by hospitality group Jin Jiang International, J Hotel boasts 165 rooms, including 34 suites, varying from 62 to 380 square meters. Every room has unique views, from the glittering skyline of Lujiazui, to the spectacular views of the Bund across the Huangpu River.
It creates more innovative stays and luxury experience in Shanghai, and also becomes one of the most expensive hotels of this city.
Produced by Xinhua Global Service