Videos
တရုတ်နိုင်ငံ၌ ယာဉ်နှစ်စီး အရှိန်ပြင်းပြင်းတိုက်မိခြင်းတွင် ထိခိုက်နိုင်ခြေစစ်ဆေးချက်လုပ်ဆောင်
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မော်တော်ယာဉ် လုံခြုံမှုအခြေအနေစစ်ဆေးခြင်းအစီအစဉ် (C-NCAP) ၏ ယာဉ်နှစ်စင်း အရှိန်ပြင်းပြင်းတိုက်မိခြင်းတွင် ထိခိုက်နိုင်ခြေစစ်ဆေးချက်လုပ်ဆောင်ရန် အတွက် မြန်နှုန်းမြင့်ယာဉ် နှစ်စီးဖြင့် ပထမဆုံးအကြိမ် စမ်းသပ်မှုကို အောက်တိုဘာ ၂၆ ရက်က မော်တော်ယာဉ်နည်းပညာနှင့် သုတေသနစင်တာတွင် စမ်းသပ်ခဲ့ကြောင်းသိရသည်။
စာရေးကိရိယာတင် ကုန်တင်ယာဉ်ကြီးတစ်စီး၏ အနောက်တွင် ကပ်ပါလာသော ကားတစ်စီး၏ နောက်ပိုင်းကို အရှိန်ဖြင့်မောင်းနှင်လာသော အခြားကားတစ်စီးက နောက်မှ ဝင်တိုက်လိုက်စဉ် အတိုက်ခံရသောကားက ကုန်တင်ယာဉ်နောက်ပိုင်းအား ဆင့်ကဲတိုက်မိရာမှ ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုအခြေအနေကို စမ်းသပ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယာဉ်နှစ်စင်းတိုက်မိစဉ် ကားအရှိန်မြန်နှုန်းမှာ တစ်နာရီလျှင် ၅၀.၂ ကီလိုမီတာ ရှိသည်။
ထျန်းကျင်းအခြေစိုက် မော်တော်ယာဉ်များစစ်ဆေးရေးအေဂျင်စီ၏ အဆိုအရ တရုတ်နိုင်ငံ၏ မော်တော်ယာဉ် လုံခြုံမှုအခြေအနေစစ်ဆေးခြင်းအစီအစဉ် (C-NCAP) သည် တရုတ်နိုင်ငံ၏မော်တော်ယာဉ်ဈေးကွက်အတွက် လုံခြုံမှုရှိစေရန် ခေတ်မီပြီးထိရောက်သည့် စစ်ဆေးမှုအခြေအနေရှိကြောင်းဆိုသည်။
ထိုစစ်ဆေးမှုမှတစ်ဆင့် တရုတ်နိုင်ငံရှိ ကားသုံးစွဲသူများ အနေဖြင့် မော်တော်ယာဉ်များ၏လုပ်ဆောင်မှုများနှင့် ဘေးကင်းလုံခြုံစွာမောင်းနှင်စီးနင်းနိုင်ရေးအခြေအနေများကိုကောင်းမွန်စွာနားလည်စေနိုင်ကြောင်းဆိုသည်။ (Xinhua)