Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki နှင့် အောက်တိုဘာ ၂၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ Riyad Al-Maliki က ပါလက်စတိုင်း၏ ရပ်တည်ချက်ကို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ တရားမျှတမှု၊ ရှင်းလင်း၍ အားကောင်းသည့်ပြောကြားမှု၊ ပါလက်စတိုင်းပြည်သူများဘက်မှ ရပ်တည်မှုနှင့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အားပေးမှုသည် ပါလက်စတိုင်း-တရုတ် ချစ်ကြည်ရေး ခိုင်မာမှုကို ပြသခြင်း ဖြစ်ကြောင်း၊ ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ဂါဇာသို့ အမြန်ဆုံးပို့ဆောင်ရန်၊ ဒဏ်ရာရရှိသူများ ဆေးကုသမှုရရှိနိုင်ရန် ပါလက်စတိုင်းအနေဖြင့် တိုက်တွန်းပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ ကူညီမှုအောက်တွင် ပါလက်စတိုင်းအရေး အရင်းအမြစ်မှ ဖြေရှင်းပြီး သီးခြားနိုင်ငံတည်ထောင်ရေးကို အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း Riyad Al-Maliki က ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ ဂါဇာပြည်သူလူထု အလိုအပ်ဆုံးမှာ လုံခြုံရေး၊ အစားအသောက်နှင့် ဆေးဝါးဖြစ်ပြီး စစ်ပွဲနှင့်လက်နက်ခဲယမ်းမီးကျောက် မဟုတ်ကြောင်း၊ ဂါဇာကမ်းမြောင်တွင် အလိုအပ်ဆုံးမှာ တိုက်ပွဲများရပ်တန့်၍ငြိမ်းချမ်းရေးကို တွန်းအားပေးရန် ကြိုးပမ်းရမည် ဖြစ်ပြီး ပထဝီနိုင်ငံရေးအကျိုးတွက်ချက်ရမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးသွားမည် ဖြစ်သလို ဂါဇာပြည်သူများ၏လိုအပ်ချက်အရ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက် ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဝမ်ရိက ပါလက်စတိုင်းအရေး ဖြေရှင်းရေး၏ တစ်ခုတည်းသော ထွက်ပေါက်မှာ “နှစ်နိုင်ငံ နည်းလမ်း”ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်၊ နိုင်ငံတည်ထောင်ခွင့်၊ နေရပ်ပြန်ခွင့်ကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ပို၍ ဩဇာကြီးမားမှု၊ ကျယ်ပြန့်မှု၊ ထိရောက်မှု ရှိသော နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံများကို အမြန်ဆုံးကျင်းပပြီး ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးမှု အမြန်ဆုံး ဖြစ်မြောက်စေရေး တွန်းအားပေး၍ အသေးစိတ်အချိန်နှင့်လမ်းပြမြေပုံကို ရေးဆွဲရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ အပစ်အခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုရပ်တန့်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေးကို တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ၏ တရားမျှတမှုဘက်တွင် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ပါလက်စတိုင်းအရေး ဘက်စုံတရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်ရန်မဆုတ်မနစ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြေကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
王毅同巴勒斯坦外长马立基通电话
新华社北京10月24日电10月23日,中共中央政治局委员、外交部长王毅同巴勒斯坦外长马立基通电话。
马立基介绍了巴方的立场,衷心感谢中方主持公道,发出清晰有力声音,坚定站在巴勒斯坦人民一边,并向巴方提供紧急人道援助。中方的支持彰显了巴中牢固友谊。巴方呼吁立即停火,尽快将救援物资送到加沙地带,使伤者得到救治。希望在国际社会帮助下,从根源上解决巴勒斯坦问题,实现独立建国。
王毅表示,当前加沙民众最需要的是安全和食品药品,而不是战争和武器弹药;加沙地带最需要的是止战促和努力,而不是地缘政治算计。中方分别通过巴勒斯坦民族权力机构和联合国机构提供了紧急人道援助,还将根据加沙人民的需要,继续提供物资援助。
王毅强调,解决巴勒斯坦问题的唯一出路在于落实“两国方案”,实现巴勒斯坦人民的生存权、建国权、回归权。中方呼吁尽快召开更具权威、更大范围、更有实效的国际和会,推动巴以尽快恢复和谈,并为此制定具体时间表和路线图。中方一直为停火止暴奔走,为重返和平疾呼。我们将继续站在国际公平正义一边,同国际社会一道,为推动巴勒斯坦问题早日得到全面公正持久解决作出不懈努力。