Connect with us

Media

ဥရောပသမဂ္ဂက ယူကရိန်းစစ်သား ၄ သောင်းကို ထပ်မံလေ့ကျင့်ပေးရန် စီစဉ်

ကိဗ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းစစ်သားများကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ယူကရိန်းအပေါ် ထောက်ခံအားပေးမှု သန္နိဋ္ဌာန်သည် “ခိုင်မာစွာ ဆက်လက်တည်ရှိသွားမည်” ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာ ၂ ရက်က ကိဗ်မြို့တွင် အလွတ်သဘောဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့၌ ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ ဒေသတွင်းပြင်ပနိုင်ငံ၌ ဥရောပသမဂ္ဂ၏ ပထဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ပြီး ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် Josep Borrell တို့အတူ ဆွေးနွေးပွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးမှုက ယူကရိန်း၏ ဥရောပပေါင်းစည်းရေး ဖြစ်စဉ်ကို တွန်းအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း Dmytro Kuleba က ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂက ဥရောပ ငြိမ်းချမ်းရေး ရန်ပုံငွေ ယန္တရား မူဘောင်အောက်၌ လာမည့်နှစ်တွင် ယူကရိန်းသို့ ယူရိုငွေ ၅ ဘီလီယံတန်ဖိုးရှိ အကူအညီများပေးအပ်ရန် အဆိုပြုထားပြီး ထို့အပေါ် ယခုနှစ်ကုန်မတိုင်မီ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသဘောတူညီချက်ရရှိမည်ဟု မျှော်လင့်ကြောင်း Josep Borrellက Dmytro Kuleba နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်အတွင်း ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။

ဥရောပသမဂ္ဂနိုင်ငံများက ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးရာတွင် ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ၊ “လက်ရှိ ရည်မှန်းချက်အနေနဲ့ လာမည့်လပိုင်းအတွင်း ယူကရိန်းလေယာဉ်မှူး အပါအဝင် စစ်သား ၄၀,၀၀၀ ကို လေ့ကျင့်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ယူကရိန်းအနေဖြင့် ဥရောပကော်မရှင် အဆိုပြုသည့် ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး ဥရောပသမဂ္ဂသို့ ဝင်ရောက်နိုင်ရေး ဆွေးနွေးမှုများကို ယခုနှစ်တွင်စတင်ရန် အသင့်ပြင်ထားပြီးဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယခုအကြိမ်ဆွေးနွေးပွဲကာလအတွင်း ပြောကြားခဲ့ကြောင်း ယူကရိန်းသမ္မတရုံးဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။ ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းအဆိုပြုသည့် ငြိမ်းချမ်းရေးနည်းလမ်းများ အကောင်အထည်ဖော်ရေးအတွက် သံတမန်ရေး ကြိုးပမ်းအားထုတ်မှု ဆက်လက်ဆောင်ရွက်ပေးသွားရန် ဇယ်လန်းစကီးက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
欧盟计划再训练4万名乌军士兵
新华社基辅10月3日电(记者李东旭)据乌克兰国际文传电讯社报道,欧盟外交与安全政策高级代表博雷利2日在乌克兰首都基辅说,欧盟国家将继续帮助乌克兰训练士兵,欧盟支持乌克兰的决心是“坚定的,并将继续下去”。
据乌克兰外交部官网2日报道,欧盟27国外长当天在基辅召开非正式会议。这是欧盟首次在域外国家举行此类会议,乌克兰外长库列巴与博雷利共同主持会议。库列巴表示,相信会议将加速乌克兰欧洲一体化进程。
据乌克兰国际文传电讯社报道,博雷利在与库列巴举行的联合记者会上说,他已提议欧盟在欧洲和平基金机制框架下,明年向乌方提供50亿欧元的一揽子援助并期待在今年底前欧盟各成员国就此达成一致。他还表示,欧盟国家将继续帮助乌克兰训练士兵,“当前目标是在未来数月训练4万名士兵,其中包括对乌飞行员的专门训练”。
据乌总统网站报道,乌总统泽连斯基在此次会议期间表示,乌方将继续落实欧盟委员会提出的改革建议,乌方已准备好在今年开始入盟谈判。泽连斯基还呼吁欧盟继续就落实乌方提出的和平方案做出外交努力。