Connect with us

Media

ရုရှားနယ်စပ်ဒေသ မောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မော်စကို ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ နှင့် နယ်နိမိတ်ထိစပ်နေသည့် ရုရှားနိုင်ငံ၏ Belgorod ဒေသ၌ လေကြောင်းရန် ကာကွယ်ရေးစနစ်က ဒရုန်းများကို ပစ်ချခဲ့ရကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူးက မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ကနဦးသတင်းအချက်အလက်များအရ ထိခိုက်သေဆုံးသူမရှိကြောင်း နှင့် မြေပြင်ပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် အကျိုးဆက်များအား ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က တယ်လီဂရမ်တွင် ရေးသားဖော်ပြခဲ့ပြီး ယူကရိန်းနိုင်ငံက ဒရုန်းများအား ပစ်လွှတ်ခဲ့သည်ဟူသော အချက်ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Russia’s border region under drone attacks
Drones were shot down by the air defense system over Russia’s Belgorod region bordering Ukraine, the region’s governor said on Tuesday.
According to preliminary data, there are no victims and the consequences on the ground are being clarified, Governor Vyacheslav Gladkov said in a Telegram post, without disclosing if the drones were launched by Ukraine.
Xinhua News Agency correspondents reporting from Moscow.(XHTV)