Connect with us

Photos

ကမ္ဘာ့ဖလားတွင် တရုတ်နိုင်ငံထုတ် အမှတ်တရလက်ဆောင်ပစ္စည်းများ အလွန်ရေပန်းစားနေ

ကွမ်ကျိုး ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကျင်းပဆဲ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရရှိနိုင်သည့် La’eeb ချစ်စရာချည်ထည်လာဘ်ကောင် ၊ ကော်ဖီခွက် ၊ တရားဝင်သင်္ကေတအရုပ်ငယ်များ ၊ ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုဖလားပုံစံတူ စသဖြင့် လူကြိုက်များသော အမှတ်တရလက်ဆောင်ပစ္စည်းများသည် တရုတ်နိုင်ငံက ထုတ်လုပ်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ Guangdong Cheche Cultural Development ကုမ္ပဏီသည် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားအမှတ်တရလက်ဆောင်ပစ္စည်းများ ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။

အမှတ်တရပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးမှု ချောမွေ့စေရေးအတွက် ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီနှင့် စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

“ပွဲကျင်းပရေးကော်မတီက ကျွန်တော်တို့ကို ခွင့်ပြုချက်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကုမ္ပဏီတွေက ယုံကြည်စိတ်ချရတဲ့ အရည်အသွေး ကြီးကြပ်ထိန်းသိမ်းမှုနဲ့ အမှာစာတွေ အချိန်မီပြီးစီးအောင် ၊ ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးတာတွေမှာ လုပ်နိုင်စွမ်းကို ယုံကြည်တာကြောင့် ဖြစ်ပါတယ်။ကွမ်တုန်းပြည်နယ်က တုန်းကွမ်မြို့ရဲ့ ထုတ်လုပ်မှုစွမ်းရည်က ယုံကြည်ထိုက်တယ်ဆိုတာကို ရလဒ်က သက်သေပြခဲ့ပါတယ်။” ဟု Guangdong Cheche Cultural Development ကုမ္ပဏီ၏ ညွှန်ကြားရေးမှူး CHEN LEIGANG က ပြောကြားခဲ့သည်။

Dongguan WAGON သည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ကာလရှည်ကြာ တရားဝင်ကုန်ပစ္စည်း ထုတ်လုပ်သူ နှင့် တရားဝင် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိသူတစ်ဦး ဖြစ်သည်။

ယင်းကုမ္ပဏီက ဖီဖာကမ္ဘာ့ဖလား ဒိုင်းဆုဖလားပုံစံတူအား ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။”တုန်းကွမ်က ခိုင်မာအားကောင်းတဲ့ ထောက်ပံ့ရေးကွင်းဆက်ရှိပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတူတကွ ဖွံ့ဖြိုးတိုးတက်ဖို့ တုန်းကွမ်မြို့မှာ ရှိတဲ့ အကောင်းဆုံး ပေးသွင်းသူတွေနဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ ကမ္ဘာကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်အရည်အသွေးကို ယူဆောင်လာနိုင်ပါတယ်။အရမ်းကို ဂုဏ်ယူမိပါတယ်။”ဟု WAGON နိုင်ငံတကာ ကုမ္ပဏီ၏ မန်နေဂျာ HUANG YUMIN က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.