Connect with us

Videos

နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် နွေးထွေးစေမည့် ခရီးစဉ်အဖြစ် အမေရိကန် သမ္မတ အိုဘားမား ကျူးဘားသို့ ရောက်ရှိ

ဟာဗားနား၊ မတ် ၂၁ ရက် (ဆင်ဟွာ)
နှစ်ပေါင်း ၅၀ ကျော် စစ်အေးခေတ် မုန်းတီးမှုများ ရှိခဲ့သည် အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံရေးအား ပြန်လည် စတင်သည့် အနေဖြင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား (Barrack Obama) သည် ကျူးဘားနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ် အဖြစ် မတ်လ ၂၀ ရက်က ရောက်ရှိခဲ့သည်။
မတ်လ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၄း၀၀ နာရီ၌ ကျူးဘားနိုင်ငံရှိ Jose Marti အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သမ္မတ အိုဘားမား၏ လေယာဉ် ဆိုက်ရောက်ခဲ့ရာ ကျူးဘားနိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရော်ဒရီဂတ်စ် (Bruno Rodriguez) နှင့်အတူ အခြား ကျူးဘားနှင့် အမေရိကန် အရာရှိများက ကြိုဆိုခဲ့သည်။
သမ္မတ အိုဘားမားနှင့်အတူ သမ္မတ ကတော် မစ်ရှဲအိုဘားမား၊ သမီးနှစ်ဦးတို့လည်း ယခု ခရီးစဉ်သို့ လိုက်ပါလာ ခဲ့ပြီး ၁၉၈၂ ခုနှစ်က ကုလသမဂ္ဂက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ကြေညာထားသည့် ဟာဗားနား မြို့ဟောင်း (ခေါ်) Havana Vieja ၊ ကာသီဒြယ် ဘုရားရှိခိုးကျောင်း၊ Vieja ပလာဇာ၊ ဆန်ဖရန်စစ္စ ကို စကွဲ (San Francisco Square) နှင့် မြို့တော်ပြတိုက် စသည့်နေရာများသို့ သွားရောက် လည်ပတ် ခဲ့ သည်။
သမ္မတ အိုဘားမားသည် မတ်လ ၂၁ ရက်တွင် Revolution Square သို့ သွားရောက်ကာ ကျူးဘားနိုင်ငံ သူရဲကောင်းများအား အောက်မေ့သည့် အနေဖြင့် လွမ်းသူ့ပန်းခွေဖြင့် ဂုဏ်ပြုပြီးနောက် ကျူးဘား သမ္မတ ရောကက်စထရိုနှင့် တွေ့ဆုံမည် ဖြစ်သည်။ ကျူးဘား သမ္မတ ကက်စထရိုက တရားဝင် အခမ်းအနားဖြင့် ကြိုဆို မည် ဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး တံခါးပိတ် ဆွေးနွေးပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
ယင်းနေ့တွင်ပင် အိုဘားမားသည် ကျူးဘားနှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အမေရိ ကန်က ကျူးဘားသို့ စီးပွားရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများ ကျန်ရှိနေသေးသော်လည်း နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေး ဖွံ့ဖြိုးစေရန် ၎င်းတို့၏ အတွေ့အကြုံများနှင့် အခွင့်အရေးများ ရှာဖွေခြင်း စသည်များအား လေ့လာ မည် ဖြစ်သည်။
ကျူးဘားအပေါ် ကျန်ရှိနေသည့် အမေရိကန်၏ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုအား ဖြေလျှော့ ပေးနိုင်ရန် အလေးထား ဆွေးနွေးမည် ဖြစ်သည်။
အမေရိကန် သမ္မတ တစ်ဦးအနေဖြင့် ၁၉၂၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့် အဆိုပါ ခရီးစဉ်သည် မတ်လ ၂၂ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117