Videos
ရှန်ဟိုင်းစာကြည့်တိုက်၏ စက်ရုပ်
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံရှန်ဟိုင်းစာကြည့်တိုက်တွင် စမတ်နည်းပညာသုံး စက်ရုပ်တစ်ရုပ်ကို ယခုနှစ်အတွင်းစမ်းသပ်ထားရှိခဲ့သည်။ ၁ မီတာအရှည်ရှိကာ touch screen မျက်နှာပြင်ပါဝင်သည့် အဆိုပါစက်ရုပ်မှာ စာကြည့်တိုက်သို့လာရောက်သူများကိုဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ စာကြည့်တိုက်၏ လူမှုကွန်ရက် တွင်မေးမြန်းထားကြသည့် မေးခွန်းပေါင်း ၂ဝဝဝဝဝ ကို အတိုချုံ့အားဖြင့် မေးခွန်းပေါင်း ၄၈၃ ခုဖန်တီးကာ မတူညီသည့်အဖြေ ၆ဝ ကျော်ကို ပြန်လည်ဖြေကြားနိုင်သည့် software ထည့်သွင်းပေးထားသည်ဟုသိရသည်။နောက်ပိုင်းတွင် စာကြည့်တိုက်အတွင်း စာအုပ်များကို ရှာဖွေပေးရန်နှင့် စာအုပ်ငှားရမ်းခြင်းကိစ္စများကို ဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်းသိရသည်။ (Xinhua)