Connect with us

Videos

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲအား ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်း၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲတွင် အသင်း စုစုပေါင်း ၁၅ သင်း ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ဆုများ အနေဖြင့် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ဖွင့်ပွဲ အခမ်းအနား နှင့် အတူ ပွဲစဉ် ပထမနေ့ အဖြစ် မိုးနဂါး အသင်း ၊ BAI HU အသင်း ၊ MYANMAR Khuan Loke အသင်း ၊ FU LONG အသင်း စုစုပေါင်း ၄ သင်း ပါဝင် ယှဉ်ပြိုင် သွားခဲ့သည်။၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲအား မြန်မာနိုင်ငံ ခြသေ့ၤ နဂါး အဖွဲ့ချုပ်မှ ကြီးမှုး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.