Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှဆောက်လုပ်ပေးသည့်အမျိုးသားလမ်းမကြီး ဖွင့်လှစ်

ဖနွမ်းပင်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည့် အရှည် ၉၆.၅ ကီလိုမီတာနှင့် အကျယ် ၁၁ မီတာရှိသည့် အမျိုးသားလမ်းမကြီး အမှတ် ၁၁ ကို ဒီဇင်ဘာ ၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လမ်းမကြီးသည် နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသရှိ ပြည်နယ်နှစ်ခု ဖြစ်သော Prey Veng နှင့် Tboung Khmumပြည်နယ်တို့ကို ချိတ်ဆက်ဖောက်လုပ်ထားခြင်းဖြစ်သည်။

ယင်းလမ်းမကြီးကို တရုတ်နိုင်ငံ၏ လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) က တရုတ်နိုင်ငံ အစိုးရ၏ အထူးသက်သာခွင့်ချေးငွေဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး ရည်ရွယ်ထားသည်ထက် ၁၄ လစောကာ တည်ဆောက်ချိန် လပေါင်း၃၀ အတွင်းအပြီးဖောက်လုပ်ခဲ့သည်။
လမ်းဖွင့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆင် က ယခုဖွင့်လှစ်လိုက်သည့်လမ်းမကြီးသည် နှစ်နိုင်ငံ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု ၏ အသီးအပွင့်ပင်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း သက်သေသစ်တစ်ခုပင်ဖြစ်ကြောင်းဆိုသည်။

“ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Wentian ကတစ်ဆင့် တရုတ်နိုင်ငံအစိုးရ နဲ့ တရုတ်နိုင်ငံ ပြည်သူအားလုံးကို မိမိတို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အခုလို အခြေခံအဆောက်အဦ ကို ကူညီတည်ဆောက်ပေးတာကြောင့် လှိုက်လှဲစွာကျေးဇူးတင်တယ်လို့ မိမိအနေနဲ့ သတင်းစကားပေးပို့လိုပါတယ်” ဟု ဟွန်ဆန်က ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ၌ အမျိုးသားလမ်းမကြီး အရှည် စုစုပေါင်း၃,၀၀၀ ကီလိုမီတာကျော်နှင့် မြစ်ကူးတံတားကြီး ၈စင်းကို တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။

သံအမတ်ကြီးဝမ်က “ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု” အောက်၌ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင် လမ်းများနှင့်တံတားများအပါအဝင် အဓိက အခြေခံအဆောက်အဦများ ကို ကူညီတည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်းဆိုသည်။

ဝမ်က “ မိမိတို့အနေနဲ့အဲဒီလမ်းဟာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုနဲ့ ခရီးသွားလုပ်ငန်း အပါအဝင် သယ်ယူပို့ဆောင်ရေးမှာအဆင်ပြေချောမွေ့စေပြီး ပြည်နယ်နှစ်ခုမှာ ဆန်၊အသီးအနှံနဲ့ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးတွေကိုလဲအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်” ဟုဆိုသည်။ (Xinhua)

……………………………..
(English Version)

GLOBALink | Chinese-built national road inaugurated in Cambodia

PHNOM PENH, Dec. 7 (Xinhua) –Cambodia on Monday inaugurated a Chinese-built 96.5-km-long and 11-meter-wide National Road No. 11, linking Prey Veng and Tboung Khmum provinces in the country’s southeastern region.
The road was developed by China Road and Bridge Corporation (CRBC) under a concessional loan from the Chinese government, and it took 30 months to complete, about 14 months earlier than scheduled.

Speaking during the inauguration ceremony of the road, Cambodian Prime Minister Samdech Techo Hun Sen said the road was the fruit of the close cooperation between the two countries and was a new testament to Cambodia’s development.

“Through Chinese Ambassador to Cambodia Wang Wentian, I’d like to express my heartfelt thanks to the government and people of China for having helped us to build necessary infrastructure, which is the basis for economic growth,” he said.

So far, China has constructed more than 3,000 kilometers of national roads and eight large-scale river bridges in Cambodia, he added.

Ambassador Wang said under the Belt and Road Initiative, China has helped construct many roads and bridges as well as other major infrastructure in Cambodia and many other developing countries.”We hope that the road will help develop local economy, trade, and tourism as well as facilitate transport and trade of rice, fruits and aquatic products in the two provinces,” Wang said.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.