Connect with us

Videos

တရုတ်နိုင်ငံက လာအိုနိုင်ငံအတွက် တည်ဆောက်ပေးခဲ့သည့်ဆေးရုံ ပထမအဆင့်ပြီးစီး

ဗီယန်ကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည့် Mahosot အထွေထွေဆေးရုံ ဆောက်လုပ်ရေးစီမံကိန်းပထမအဆင့် ပြီးစီးကာ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၁၁ ရက်က လာအိုနိုင်ငံ ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံဆိုင်ရာလာအိုနိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက စီမံကိန်းပထမအဆင့် အောင်မြင်ပြီးမြောက်ခြင်းနှင့်အတူလွှဲပြောင်းပေးအပ်ခြင်းတွင် ဆေးရုံအဆောင်အသစ်တစ်ခု နှင့် ကူးစက်ရောဂါ ကုသရေးအဆောက်အအုံများပါဝင် ပြီး ယခုကဲ့သို့ ဆေးရုံတည်ဆောက်ပေးမှုသည် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍတွင် ခင်မင်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်း၏ အသီးအပွင့်တစ်ခုဖြစ်လာကြောင်းဆိုသည်။
ကျန်း က ဆေးရုံတည်ဆောက်ရေးစီမံကိန်း ဒုတိယအဆင့်ကို တိုးမြှင့်လုပ်ဆောင်ရင်း တရုတ်နိုင်ငံက ထပ်မံဆောက်လုပ်မည့် လာအိုနိုင်ငံမြောက်ပိုင်းရှိ Luang Prabang ဆေးရုံအဆင့်မြှင့်တင်ရေးစီမံကိန်းကို နှစ်ဘက်စလုံး က ဖြစ်နိုင်သမျှ အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားနိုင်ရန်မျှော်လင့်ကြောင်းဆိုသည်။

Luang Prabang ဆေးရုံတည်ဆောက်ရေးစီမံကိန်းသည် လာအိုနိုင်ငံရှိဝေးလံသည့် ဒေသမှ ပြည်သူများအား အရည်အသွေးပြည့်မီသည့်ဆေးဝါးကုသမှုပေးနိုင်ရန် ၊ ပိုမိုကောင်းမွန်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်နှင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုလုပ်ဆောင်ရန်ဖြစ်ကြောင်း ကျန်းကထပ်လောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး Bounfeng Phoummalaysith က Mahosot အထွေထွေဆေးရုံကြီး တည်ဆောက်ရေးစီမံကိန်း ကို တရုတ်နိုင်ငံ၏ အစိုးရနှင့်ပြည်သူများထံမှ ချေးငွေဖြင့်တည်ဆောက်ခြင်းဖြစ်ပြီး ၎င်းမှာ နှစ်နိုင်ငံအကြား အဓိက ကျသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်းဆိုသည်။

တရုတ်နိုင်ငံဘက်မှ လာအိုနိုင်ငံ၌ ခေတ်မီဆေးရုံတည်ဆောက်ရန် ၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ ကိရိယာများထောက်ပံ့ပေးရန်နှင့် လာအိုနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကိုမြှင့်တင်ရန် လေ့ကျင့်ရေးသင်တန်းများကို အထူးသဖြင့် ဗီယန်ကျင်းမြို့တော်၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လာအိုဝန်ကြီးကဆိုသည်။

လာအိုနိုင်ငံဘက်မှ Mahosot အထွေထွေဆေးရုံတည်ဆောက်ရေးစီမံကိန်း ဒုတိယအဆင့်ကို အချိန်ကိုက်ပြီးစီးရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သူက မှတ်ချက်ပြုသည်။

Beijing Uni-Construction Group Co., Ltd. (BUCC) မှ စီမံကိန်း၏ နည်းပညာအဖွဲ့ခေါင်းဆောင် Han Xu က ပြီးခဲ့တဲ့ ၃ နှစ်တွင်း BUCC က တည်ဆောက်ရေးအတွက် နေရာအကန့်အသတ်များနှင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုများကြားမှပင် စီမံကိန်းပထမအဆင့်ကိုအောင်မြင်စွာအပြီးသတ်နိုင်ခဲ့ကြောင်း ဆိုသည်။

တည်ဆောက်ရေးကျွမ်းကျင်ပညာများနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် ၎င်းတို့အဖွဲ့သည် စီမံကိန်းဒုတိယအဆင့်ကိုလည်းအောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟန်ကဆိုသည်။

တရုတ်-လာအို နှစ်နိုင်ငံပြည်သူများပူးပေါင်းဆောင်ရွက်မှု၏ အထိမ်းအမှတ်စီမံကိန်းတစ်ခုအဖြစ် တရုတ်နိုင်ငံမှ ထောက်ပံ့ကာ တည်ဆောက်သည့် ကျန်းမာရေးဆိုင်ရာစီမံကိန်းတွင် ဗီယန်ကျင်းမြို့ရှိ Mahosat ဆေးရုံ တိုးချဲ့ခြင်းစီမံကိန်း နှင့် ဆေးရုံတွင်း ဆေးဘက်ဆိုင်ရာ အထောက်အပံ့ အဆောက်အဦ နှစ်ခု တည်ဆောက်ခြင်း လုပ်ငန်းများပါဝင်ပြီး တည်ဆောက်ရေး ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမီတာပေါင်း ၅၄,၀၀၀ ခန့်ရှိပြီး ကုတင် ၆၀၀ ဆန့် ကြောင်းသိရသည်။ (Xinhua)

……………………..
(English Version)
GLOBALink | China-aided hospital handed over to Laos after 1st phase completed
The handover ceremony of the first phase of the China-aided Mahosot General Hospital Project was held here on Thursday.
Speaking at the ceremony, Chinese Ambassador to Laos Jiang Zaidong said that the successful completion and handover of the first phase of the project, including the new ward building and the building for treating infectious diseases, has become another fruitful achievement of the bilateral friendly cooperation in the health sector.
Jiang expressed the hope that while promoting the construction of the second phase of the hospital project, both sides will strive to kick off another China-aided upgrade project for the Luang Prabang Hospital in northern Laos as soon as possible.
The Luang Prabang Hospital project will facilitate people in remote areas of Laos to enjoy quality medical services, better health safeguard and local economic development, Jiang added.
Lao Health Minister Bounfeng Phoummalaysith hailed the Mahosot General Hospital Project with grant from Chinese government and people as a major cooperation project between the two countries.
The Chinese side has helped Laos build the modern hospital, provided advanced medical equipment and held training courses to improve the medical standards in Laos, especially in the capital city of Vientiane, said the Lao minister.
He noted that the Lao side will continue to facilitate the timely completion of the second phase of the Mahosot General Hospital Project.
Han Xu, head of the project’s technical team with Beijing Uni-Construction Group Co., Ltd. (BUCC), said that in the past three years, the BUCC has successfully completed the first phase of the project after overcoming the hurdle of constrained space for construction and the impacts of the COVID-19 pandemic.
With professionalism and an even more hard-working spirit, his team will make the second phase of the project another success, Han said.
As a landmark project in China-Laos cooperation in public welfare, the China-aided health project includes the expansion of the existing Mahosot Hospital in Vientiane and the construction of new in-house medical facilities, with a construction area of approximately 54,000 square meters to hold 600 beds.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.