Connect with us

Videos

တရုတ်နိုင်ငံတွင် ဧရာမ ဓါတ်ငွေ့တွင်းကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့

ရှင်းကျန်း၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tarim Basin တွင် ကုဗမီတာ ၁၁၅.၃ ဘီလီယံရှိသည့် ဧရာမ ဓါတ်ငွေ့တွင်းကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ အကြီးဆုံးရေနံနှင့် သဘာဝ ဓါတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်သည့် PetroChina ၏ Trim ရေနံထုတ်လုပ်ရေးလုပ်ငန်းမှ အောက်တိုဘာ ၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကုမ္ပဏီ၏ ဒုတိယအထွေထွေမန်နေဂျာ Tian Jun က ထိုဓါတ်ငွေ့တွင်းမှ နေ့စဉ် သဘာဝဓါတ်ငွေ့ ၄၁၈,၂၀၀ ကုဗမီတာ နှင့် ဓါတ်ငွေ့ရည် ၁၁၅.၁၅ ကုဗမီတာ ထွက်ရှိနိုင် ကြောင်း အောင်မြင်စွာ စစ်ဆေး‌တွေ့ရှိခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။၎င်းဓါတ်ငွေ့တွင်း၌ သဘာဝဓါတ်ငွေ့ ကုဗမီတာပေါင်း ၁၁၅.၃ ဘီလီယံ နှင့် ဓါတ်ငွေ့ရည် တန်ချိန်၂၁.၆၆သန်းခန့် ရှိနေမည် ဟု ခန့်မှန်းရကြောင်းနှင့် လာမည့်နိုဝင်ဘာလတွင် သဘာဝဓါတ်ငွေ့ နှင့် ဓါတ်ငွေ့ရည် ထုတ်လုပ်ရေး ကို စတင်ဆောင်ရွက်နိုင်ရန်မျှော်မှန်းထားကြောင်း Tianက ပြောကြားခဲ့သည်။Trim ရေနံထုတ်လုပ်ရေးလုပ်ငန်းမှ တရုတ်နိုင်ငံ၏ အနောက်ဘက်ပိုင်းနှင့် အရှေ့ပိုင်းသို့သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ အရှေ့ဘက်နှင့်မြောက်ဘက်ပိုင်း တွင် ပြည်နယ်အဆင့်ရှိ ဒေသပေါင်း ၁၅ခုသို့ သဘာဝဓါတ်ငွေ့များဖြန့်ဖြူးလျှက်ရှိသည့်လုပ်ငန်းတစ်ခုဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.