Connect with us

Videos

ငါးအရေခွံဖြင့်အဝတ်အထည်များကို ဖန်တီးကြသည့် Hezhe တိုင်းရင်းသားများ

ဟေလုံကျန်း၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် တွင်နေထိုင်သည့် Hezhe တိုင်းရင်းသားများသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀ ခန့်ကတည်းက ငါး အရေခွံများကို အဝတ်အစားအဖြစ်ချုပ်လုပ်ဝတ်ဆင်လေ့ ရှိကြသည်။ Hezhe တိုင်းရင်းသားများသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၅၆ စု ထဲတွင် လူနည်းစုသာ ကျန်ရှိသည့်မျိုးနွယ်စုတစ်ခုဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅၀၀၀ ဦးခန့်သာကျန်ရှိတော့သည်ဟုသိရသည်။ ငါးအရေခွံ အဝတ်အစားချုပ်လုပ်ရန် ငါးအကောင်ရေ များစွာလိုအပ်ပြီး ပုံမှန် အဝတ်အစားတစ်စုံအတွက် ငါး ၂၅ဝ ကီလိုဂရမ်ခန့်လိုအပ်ကြောင်းသိရသည်။ ထို့နောက် ငါးများကိုအရေခွံခွာကာ အခြောက်လှမ်းပြီးနောက် ချုပ်လုပ်နိုင်သည့်အရွယ်အစားရောက်အောင် ဝါးဖြင့်အထူးပြုလုပ်ထားသည့် ကိရိယာဖြင့်ထုနှက်ရ သည်။ ထိုသို့ အဆင့်ဆင့်ပြုလုပ်ပြီးနောက်အဝတ်အစားအချောထည်အဖြစ်ဖန်တီးဝတ်ဆင်နိုင်ရန် စတင်ချုပ်လုပ်ရသည်။ ထိုအဆင့်များပြီးစီးရန် အချိန် ၁လ ခန့်ကြာမြင့်နိုင်ကြောင်းသိရသည်။ ငါးအရေခွံများကို ဝတ်ဆင်နိုင်သည့် အဝတ်အစားများအပြင် ပန်းချီကားချပ်များ လက်မှုအနုပညာ ပန်းချီကားပုံများကို လည်းဖန်တီးနိုင်ကြောင်း သိရသည်။ ဆင်ဟွာသတင်းဌာန မှ Hezhe တိုင်းရင်းသားများ၏ ငါးအရေခွံ အဝတ်အစားချုပ်လုပ်ပုံအဆင့်ဆင့် နှင့်အတူ ၎င်းတို့၏ လက်မှုအနုပညာလက်ရာဖန်တီးမှုများကိုလည်း ဗဟုသုတအဖြစ် ရိုက်ကူးတင်ဆက်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.