Connect with us

Videos

ဟာရီကိန်း အာမာ ကြောင့် ဟာဗားနားတွင် စံချိန်တင်ရေကြီးမှုဖြစ်ပွား

ဟာဗားနား၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားတွင် လွန်ခဲ့သည့် ၁၂နာရီအတွင်း ဟာရီကိန်းအာမာ ကြောင့် လေပြင်းများ၊ မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးမှုများ ဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်းသိရသည်။ ဟာဗားနား၏ အထင်ကရ ပင်လယ်ထိန်းနံရံနှင့် လမ်းမများကို မကြုံစဖူး ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး အပင်များအမြစ်မှ လဲပြိုကာ လျှပ်စစ်လိုင်းများလည်းပြတ်တောက်ခဲ့ရသည်။ ဒေသခံများက ဟာရီကိန်းလေပြင်းမှတစ်ဆင့် ရောက်ရှိလာသော အမှိုက်များနှင့် အပျက်အစီးများကို လျှင်မြန်စွာရှင်းလင်းခဲ့ရ သည်။ လွန်ခဲ့သည့် စနေနေ့ နှင့် တနင်္ဂနွေနေ့များတွင် လေတိုက်နှုန်းမှာ ၁နာရီလျင် ၁၅ဝ မိုင်နှုန်းထက်ကျော်လွန်ကာ ဟာဗားနား မြောက်ပိုင်းကမ်းခြေတွင် လှိုင်းလုံးများ၏ အမြင့်မှာ ၁ဝ မီတာ ထက် မြင့်တက်ခဲ့ကာ စံချိန်တင်ရေလွှမ်းမိုးမှုဖြစ်ပွား ခဲ့သည်။ လူထောင်ပေါင်းများစွာက ပင်လယ်မှ ဘေးလွတ်ရာမီတာ ၆ဝဝ အကွာကုန်းတွင်းပိုင်း သို့ရွှေ့ပြောင်းခဲ့ရသည်။လုံခြုံရေးတာဝန်ကျရဲများနှင့် အခြားတာဝန်ရှိသူများက လှေများ ဖောင်များဖြင့် ရွှေ့ပြောင်းနိုင်အောင် ကူညီပေးခဲ့ကြသည။် ကျူးဘားနိုင်ငံတဝန်း လူ ဦးရေ ၁သန်းခန့် ဟာရီကိန်းမုန်တိုင်းကြောင့်ရွှေ့ပြောင်းခဲ့ရသည်။ ဟာဗားနားကို တိုက်ခတ်ပြီးနောက် မုန်တိုင်းမှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါသို့ ဆက်လက် တိုက်ခတ်ဝင်ရောက်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.