Connect with us

Videos

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ထံမှ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနိုင်သော အကြံဉာဏ်များ ရရှိနိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။
အဆိုပါ ကော်မရှင်ထံမှ အကူအညီများရရှိပြီး ပြဿနာများကို အဖြေရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့် ထားကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေများကို မျှမျှတတသုံးသပ်ချက်တစ်ခုအား မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်အရေး၌ ကော်မရှင်အနေဖြင့် သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး ဖြေရှင်းရခက်သော တာဝန်တစ်ခုလည်းဖြစ်ကြောင်း၊ ရခိုင်ပြည်သူများ အားလုံး အနာဂတ်တွင် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု အား ဦးတည်သော လမ်းကြောင်းကို အတူတကွ မျှဝေခံစားနိုင်ရန် ယုံကြည်ကြောင်း ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံထားရသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့သည် ယနေ့ နံနက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ တွေ့ဆုံဆွေးနွေး ကြသည်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်သည် စက်တင်ဘာ ၆ ရက် နှင့် ၇ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.