Connect with us

Videos

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အမေရိကန်သမ္မတမျှော်လင့်

ဟန်ကျိုး၊ စက်တင်ဘာ (၂) ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မကြာမီကျင်းပတော့မည့် G20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားရန် ရှိကြောင်းသိရသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြားသဘောထားကွဲပြားမှုများကို ဆွေးနွေးအဖြေရှာကြမည်ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့် သွားရန်မျှော်လင့်ထားကြသည်။ အမေရိကန်သမ္မတဘားရက်အိုဘားမား နှင့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုတို့ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ အထူးညွှန်ကြားရေးမှူး က ဝါရှင်တန်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
သမ္မတနှစ်ဦးတို့သည် ၂ဝ၁၃ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စု ဆန်းနီးလန်းတွင်ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၊ ၂ဝ၁၄ ခုနှစ်၌ သမ္မတ အိုဘားမား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ပေကျင်းတွင် ဒုတိယအကြိမ်အဖြစ်တွေ့ဆုံခဲ့သည်။ တတိယအကြိမ်အဖြစ် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် သမ္မတရှီကျင့်ဖိန်၏ အမေရိကန်နိုင်ငံခရီးစဉ်တွင် သမ္မတ နှစ်ဦးတို့တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းလည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.