Connect with us

Videos

ပထမဆုံးအကြိမ် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ ဆက်သွယ်မည့် တံတားဖောက်လုပ်

ဟေလုံကျန်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေလုံကျန်းမြစ်ပေါ်မှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အားချိတ်ဆက်ထားသည့် ပထမဆုံး အဝေးပြေးတံတားတစ်စင်းကိုစတင်ဖောက်လုပ်နေပြီဖြစ်သည်။ တရုတ်နှင့် ရုရှား နှစ်နိုင်ငံတို့မှ အဆိုပါ တံတားဖောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၅ မီလီယံကို ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသည်။ တံတား၏ စုစုပေါင်းခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၅၅ မီလီယံရှိမည်ဟုသိရသည်။

၎င်းမှာ တရုတ်နိုင်ငံ Heihe နှင့် ရုရှားနိုင်ငံ Blagoveshchensk တို့ကို ချိတ်ဆက်ထားသည်။နှစ်နိုင်ငံ ချိတ်ဆက်ရန် ၁၉.၉ ကီလိုမီတာရှိမည့် အကွာအဝေးအတွက်ဆောက်လုပ်ထားသည့် တံတားအရှည်မှာ ၁၂၈၃မီတာ ရှိ ကာ ၂ဝ၁၆ ဒီဇင်ဘာလက စတင်ဖောက်လုပ်ခြင်းဖြစ်ပြီး ၎င်းမှာ နှစ်ပေါင်း၂၈ နှစ် ကျော် ဖောက်လုပ်ရန် လျာထားပြီး နောက်ဖောက်လုပ်ခြင်းဖြစ်သည်။ ၂ဝ၁၉ ခုနှစ်အောက်တိုဘာလတွင်ဖွင့်လှစ်နိုင်မည်ဟုမျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.