Connect with us

Videos

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဆက်လက်မြင့်တက်

ဂျာကာတာ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ် ၅ရက် က အင်အား ၇.၀ ပမာဏရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၉၁ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ အရေအတွက် ၂၀၉ ဦးရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက သြဂုတ် ၆ရက်တွင်ပြောကြားခဲ့သည်။

ငလျင်ကြောင့် လူနေအိမ် နှင့် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတို့သည် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း နှင့် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးဆက်လက်လုပ်ဆောင်နေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကဆိုသည်။

“ ဒဏ်ရာရသူတွေကို ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ဆေးရုံဆေးပေးခန်း ပြင်ပတွေမှာ ဆေးကုသမှုပေးနေပါတယ်” ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် စာတိုပေးခဲ့သည်။ငလျင်ကြောင့် အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းပေါ်ရှိ အဓိကခရီးသွားနေရာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

သေဆုံးသူအများစုမှာ အဆောက်အအုံ ကွန်ကရစ်များအတွင်း ပိတ်မိခြင်းနဲ့ပြိုကျအဆောက်အအုံများ၏ အပျက်အစီးပုံများ ရိုက်ခတ်ခံရခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားကျွန်းအပါအဝင် ဘာလီကျွန်းအနီး တစ်ဝိုက်ရှိ ကျွန်းများလည်း ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ပြည်သူများသည် နေအိမ် နှင့် အဆောက်အအုံအပြင်ဘက်သို့ထွက်ပြေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.