Connect with us

Videos

ဘန်ကောက်မြို့ရှိ ထိုင်းစစ်ဘက်ဆိုင်ရာကောလိပ်၌ ပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံး ၊ တစ်ဦး ဒဏ်ရာရရှိ

ဘန်ကောက်မြို့ရှိ ထိုင်းစစ်ဘက်ဆိုင်ရာကောလိပ်၌ ပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံး ၊ တစ်ဦး ဒဏ်ရာရရှိ

ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းစစ်ဘက်ဆိုင်ရာကောလိပ်တစ်ခု၌ ပစ်ခတ်မှု ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၄ ရက်တွင် ဖြစ်ပွားခဲ့ပြီး လူ နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

သေနတ်သမားသည် ထိုင်း တော်ဝင်တပ်မတော် စစ်ဘက်ဆိုင်ရာကောလိပ်ရှိ အသက် ၅၉ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဖြစ်ကာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၅ မိနစ်ဝန်းကျင်၌ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယင်းသေနတ်သမားကို ထိန်းသိမ်းခဲ့ကြောင်း နှင့် ပစ်ခတ်ရသည့် အကြောင်းရင်းအား ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း စစ်တပ် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Sirichan Ngathong က ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူကို ဆေးရုံတင်ထားခဲ့ပြီး ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် စစ်တပ်က အထူးအဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းသွားမည်ဟု ၎င်းက ဆိုသည်။ (Xinhua)

——————————-

A shooting incident occurred at a Thai army college in Bangkok, killing two people and injuring another on Wednesday, a Thai army spokesperson said.
The gunman, a 59-year-old staff worker at the Royal Thai Army War College, shot at his colleagues at around 8:55 a.m. local time (0155 GMT). He was held under control after the incident, and the motive for the shooting is still unclear, deputy army spokesperson Sirichan Ngathong said.
The injured person is hospitalized, and the army will set up a special team to investigate the incident, Sirichan said.
Xinhua News Agency correspondents reporting from Bangkok.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.