Connect with us

Videos

APEC မူဘောင်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍက အလွန်အရေးကြီးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဘန်ကောက် ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအား နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

စုစုပေါင်း လူဦးရေ ၂.၉ ဘီလီယံရှိသော APEC အဖွဲ့ဝင် ၂၁ နိုင်ငံသည် ကမ္ဘာ့စုစုပေါင်း GDP ၏ ၆၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ထက်ဝက်ခန့် ရှိသည်။

APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက APEC ဆွေးနွေးမှုများအတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် ချီးကျူးပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးပါဆုံးမိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံက ညီအစ်ကိုမောင်နှမ၊ မိသားစုတစ်ခုနီးပါး အလွန်ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပြီး အာရှမှာ အကြီးမားဆုံးစီးပွားရေးနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် APEC မူဘောင် နဲ့ ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အလွန့် အလွန်ကို အရေးကြီးပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ပြီးတော့ တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အစဉ်အမြဲ ရှိနေပါတယ်၊ အများစုသော အရေးကိစ္စတွေမှာလည်း ကျွန်တော်တို့ အမြဲတမ်းကြိုးပမ်းဆောင်ရွက်မှုများ ရှိတယ်။ ”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ TANEE SANGRAT က ပြောကြားခဲ့သည်။ (Xinhua)

—————————-
China’s role in APEC framework very important: Thai MFA Spokesperson
The 29th Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting will be held in Thailand on Friday and Saturday.
With a combined population of 2.9 billion, the 21 APEC economies account for over 60 percent of the world’s total gross domestic product (GDP) and about half of world trade.
Ahead of the APEC Economic Leaders’ Meeting, a spokesperson of the Thai Foreign Ministry spoke highly of China’s role in the APEC discussions.
SOUNDBITE (English): TANEE SANGRAT, Spokesperson, Thai Ministry of Foreign Affairs
“China is one of the most important partners of ASEAN countries. Thailand and China have enjoyed very close relations, almost like brothers and sisters, a family. China is the second-largest economy in the world and by far, the largest economy in Asia. So China’s role in the APEC framework and conversation is very, very important. So we are hoping that China will be an important player in our discussion and China has been working with us all along throughout the year and on most of the issues that we’ve been working on.”
Xinhua News Agency correspondents reporting from Bangkok.
(XHTV)