Connect with us

Videos

၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမ ၆ လ တွင် ပဲမျိုးစုံ တန်ချိန် ၈ သိန်းကျော် တင်ပို့နိုင်ခဲ့

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

လက်ရှိ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၃၇ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်၌ ထုတ်ပြန်ထားသည်။

ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ မြန်မာနိုင်ငံက ပဲမျိုးစုံ တန်ချိန် ၆၆၀,၀၀၀ ကျော်ကို ရေလမ်းကြောင်းမှတစ်ဆင့် တင်ပို့ခဲ့ပြီး တန်ချိန် ၁၄၃,၀၀၀ ကျော် ကုန်းလမ်းကြောင်းကနေတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

#Beans #MyanmarExports #Yangon #Xinhua #Xinhuamyanmar #ရန်ကုန် #ပဲမျိုးစုံ #ဆင်ဟွာ #ဆင်ဟွာမြန်မာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.