Connect with us

Videos

အာဖဂန်နစ္စတန်နိုင်ငံက ငွေကြေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀ လက်ခံရရှိ

ကဘူးလ် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံ၏ စီးပွားရေးအား မြှင့်တင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာသန်း ၄၀ အား လက်ခံရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သည့် Da Afghanistan ဘဏ်က အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ယင်းမှာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း နိုင်ငံတကာအသိုင်းအဝန်းက အာဖဂန်နစ္စတန်နိုင်ငံသို့ ငွေကြေးအကူအညီအနေဖြင့် ပေးပို့ခဲ့သည့် ဒုတိယအသုတ် အမေရိကန်ဒေါ်လာသန်း ၄၀ ဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံအား လူသားချင်းစာနာထောက်ထားမှုအကူအညီ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၄၀ ကို အောက်တိုဘာ ၄ ရက်တွင် ရရှိခဲ့ပြီး နိုင်ငံ၏ စီးပွားရေးဘဏ်တစ်ခုသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ငွေသားအပ်နှံသည့်ဘဏ်ကို၏အမည်ကိုမူ ကြေညာချက်တွင် ဖော်ပြထား ခြင်းမရှိပေ။

စစ်ဘေးဒဏ်သင့်ကာ စီးပွားရေးအရ ချွတ်ခြုံကျခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံခြားအရန်ငွေကို မြှင့်တင်ရန် ထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် စက်တင်ဘာလ ၂၂ ရက်တွင် အလားတူပမာဏအား လက်ခံရရှိခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

#Afghanistan #Humanitarian #Cash #Aid #အာဖဂန်နစ္စတန်နိုင်ငံ #လူသားချင်းစာနာထောက်ထားမှု #ငွေကြေး #အကူအညီ #foryou #news #xinhua #xinhuamyanmar
————————————

Afghanistan receives 40 mln U.S. dollars in cash aid

Afghanistan has received a batch of 40 million U.S. dollars in humanitarian cash aid for bolstering its economy, said Da Afghanistan Bank (DAB), the country’s central bank in a statement on Wednesday.
This is the second batch of 40 million U.S. dollars in cash aid sent to Afghanistan by the international community over the past week.
“As part of humanitarian aid to Afghanistan, a batch of 40 million U.S. dollars in cash reached Kabul Tuesday and was transferred to one of the country’s commercial banks,” the statement said without naming the bank where the cash has been deposited.
The war-torn and economically impoverished Afghanistan received a similar amount on Sept. 22 as part of the support to raise the country’s foreign reserve, which has reached more than 1.2 billion U.S. dollars.
Xinhua News Agency correspondents reporting from Kabul.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.