Connect with us

Videos

ပေကျင်းမြို့ဆင်ခြေဖုံးနေရာများ၌ မောင်းသူမဲ့ကားများ ငှားရမ်းနိုင်ရန် အသင့်ရှိ

ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ပေကျင်းမြို့ဆင်ခြေဖုံးနေရာများတွင် မောင်းသူမဲ့တက္ကစီကားများအား ယခုအခါတွင် ငှားရမ်းနိုင်ပြီဖြစ်ကာ ဉာဏ်ရည်ထည့်သွင်းထားသော သယ်ယူပို့ဆောင်ရေးတွင် ကဏ္ဍသစ် အထိမ်းအမှတ် ဖြစ်လာခဲ့ကြောင်း သိရသည်။ပေကျင်းမြို့သည် မတ်လဆန်းပိုင်းတွင် တရုတ်နည်းပညာကုမ္ပဏီကြီး Baidu နှင့် အလိုအလျောက် မောင်းနှင်သည့်ယာဉ် စတင်သည့် ကုမ္ပဏီ Pony.ai တို့အား မောင်းသူမဲ့စက်ရုပ်တက္ကစီ ဝန်ဆောင်မှု အပြည့်အဝ လည်ပတ်နိုင်ရန် လိုင်စင်များ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အလိုအလျောက်မောင်းနှင်သည့်လုပ်ငန်းတွင် ဦးဆောင်ကုမ္ပဏီများအနက် နှစ်ခုဖြစ်သော ယင်းကုမ္ပဏီနှစ်ခုသည် ပေကျင်းမြို့ တောင်ဘက်မြို့စွန်တွင် တည်ရှိသည့် ရိကျွမ်းရှိ ဧရိယာ ၆၀ စတုရန်းကီလိုမီတာတွင် အလိုအလျောက်မောင်းနှင်သည့်ယာဉ် ၁၀ စီးစီ ဖြန့်ကျက်ထားကြောင်း သိရသည်။ (Xinhua)
———————–
Driverless cars ready for hire in suburban Beijing
Driverless taxis are now available for hire in suburban Beijing, marking a new chapter in intelligent transport.

Beijing earlier in March granted licenses to Chinese tech giant Baidu and autonomous vehicle startup Pony.ai to run fully driverless robotaxi services.

The two companies, both among the leading players in China’s autonomous driving industry, have each deployed 10 autonomous vehicles in a 60-square-kilometer area in Yizhuang, located in the southern suburb of Beijing.

Xinhua News Agency correspondents reporting from Beijing.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.