Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ ဝက်သက်ရောဂါကြောင့် လူ ၁၆၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် ဝက်သက်ရောဂါ ခံစားနေရသော ကလေးငယ်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ခြောက်လအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ ဝက်သက်ရောဂါကြောင့် လူ ၁၆၀ သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
အစီရင်ခံစာအရ ယခုနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၃၆,၆၁၈ ဦးနှင့် သေဆုံးသူ ၁၆၀ ရှိကြောင်း သိရသည်။

၎င်းတို့အနက် ၈၁ ဒသမ ၁ ရာခိုင်နှုန်းသည် အသက်ငါးနှစ်အောက် ကလေးငယ်များဖြစ်ပြီး ၄၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။
ဝက်သက်ရောဂါကြောင့် သေဆုံးမှုအများစုမှာ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခို့စ်ပြည်နယ်မှ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဝက်သက်ရောဂါကို သတိမမူမိခြင်း၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လက်လှမ်းမမီခြင်း၊ ကလေးများအား ကာကွယ်ဆေးမထိုးခြင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းများသည် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)


………………………………….
(English Version)
Measles kills 160 people in Afghanistan: WHO
KABUL, July 13 (Xinhua) — At least 160 people have died from measles in Afghanistan over the past six months, the World Health Organization (WHO) has reported.
According to the report, 36,618 people were infected with the disease during the current year, and 160 deaths have been registered, out of which 81.1 percent of suspected cases of measles were children below the age of five, and 45 percent of them were women.
Most of the cases have been recorded in eastern Afghanistan’s Khost province, the report added.
Lack of awareness of measles, lack of access to health facilities, non-vaccination of children and migration of Afghans from one place to another are factors in the increase of the disease in some remote areas of Afghanistan, the report added. ■
This photo taken on July 14, 2024 shows children with measles at a hospital in Khost province, east Afghanistan. (Photo by Yusuf Mangal/Xinhua)