Connect with us

Africa & Middle East

AIIB က ဂျော်ဒန်နိုင်ငံအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခွင့်ပြု

အမ်မန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာများအဖွဲ့က ဂျော်ဒန်နိုင်ငံတွင် COVID-19 ကပ်ရောဂါမှ စီးပွားရေးနာလန်ထူရေးလှုံ့ဆော်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ကြောင်း ဘဏ်က စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။AIIB မှ ထုတ်ပြန်ချက်အရ ဂျော်ဒန်နိုင်ငံ၏ ပထမဆုံးချေးငွေသည် စီးပွားရေးအလားပွင့်လင်းလာခြင်းက အထူးသဖြင့် အစိမ်းရောင်စီးပွားရေးကဏ္ဍတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

“ဂျော်ဒန်နိုင်ငံသည် နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအရှေ့ပြေးဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်းရှိ နိုင်ငံများတွင် အတက်ကြွဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်” ဟု AIIB ဒုတိယဥက္ကဋ္ဌ Konstantin Limitovskiy က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုက ပိုမိုစိမ်းလန်းသော ရာသီဥတုတုံ့ပြန်မှုရှိသော ပိုမို၍ယှဉ်ပြိုင်မှုရှိသော စီးပွားရေးဆီသို့ ဦးတည်သွားမည့် အစိုးရရဲ့တွန်းအားပေးဆောင်ရွက်မှုကို အကူအညီဖြစ်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

မကြာသေးမီက ထုတ်ပြန်ထားသည့် နိုင်ငံစာရင်းအင်းအရ ဂျော်ဒန်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၀ ပြည့်နှစ်တွင် ကပ်ရောဂါကြောင့် ၁.၆ ရာခိုင်နှုန်းခန့် နည်းပါးသွားခဲ့ကြောင်း၊ အလုပ်လက်မဲ့ရာခိုင်နှုန်းမှာမူ ၂၄.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ဆင်းရဲနွမ်းပါးမှုမှာလည်း ကျန်းမာရေးအကျပ်အတည်း အစောပိုင်းအဆင့်၌ ၄၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)

AIIB approves 250 mln-USD loan to Jordan

AMMAN, Sept. 1 (Xinhua) — Board of directors of the Asian Infrastructure Investment Bank (AIIB) authorized 250 million-U.S.-dollar investment in Jordan to stimulate economic recovery from the COVID-19 pandemic, the bank said Wednesday.

According to a statement released by the AIIB, the bank’s first loan to Jordan is expected to create more jobs by unleashing the economy’s potential, especially in green growth.
“Jordan has been one of the most active countries in the region in adopting international climate change initiatives,” AIIB Vice President Konstantin Limitovskiy was quoted as saying.
“Our support will assist the government’s drive toward a greener, more climate-responsive, and more competitive economy,” he said in the statement.

According to recent national statistics, Jordan’s real GDP narrowed by some 1.6 percent in 2020 due to the pandemic, while unemployment rose to 24.7 percent and poverty increased by an estimated 40 percent in the earliest stage of the health crisis. Enditem
Photo taken on Dec. 21, 2015 shows the sign of the Asian Infrastructure Investment Bank (AIIB) in Beijing, capital of China. (Xinhua/Li Xin)