Connect with us

Local

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို ၂ဝ၁၈ တွင် စတင် အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ ဆူးလေစေတီတော်အနီးတွင် ယာဉ်များသွားလာနေပုံ (ဆင်ဟွာ)

ရန်ကုန်မြို့ ဆူးလေစေတီတော်အနီးတွင် ယာဉ်များသွားလာနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းကို ၂ဝ၁၈ ခုနှစ်တွင် စတင်အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ သိရသည်။

ရေတိုရေရှည် စီမံကိန်းများအဖြစ် လုပ်ငန်းပေါင်း ၆၉ ခုကို အဆင့် ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၃၅ ခုနှစ်အထိ အဆင့်လိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းရေးဆွဲမှုမှာ ပြီးစီးနေပြီဖြစ်သည်။

၂ဝ၁၈ ခုနှစ်တွင် စီမံကိန်း ၂၉ ခု၊ နှစ်လတ်ကာလ စီမံကိန်းအဖြစ်၂ဝ၂၅ ခုနှစ်တွင် စီမံကိန်း ၂၃ ခုနှင့် နှစ်ရှည်ကာလ စီမံကိန်းအဖြစ် ၂ဝ၃၅ ခုနှစ်တွင် စီမံကိန်း ၁၇ ခ ုစုစုပေါင်း ၆၉ ခုကို နှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း JICA က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို ၂ဝ၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ JICA မှ ပညာရှင်များနှင့် မြန်မာ ပညာရှင်များအဖွဲ့က နှစ်နှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး JICA ၏ အဆိုပြုချက်များအရ ယင်းမြို့ပြ စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းအများစုကို ကြီးကြပ်မည့် Yangon Urban Transport Authority အဖွဲ့ကိုလည်း ဥပဒေနှင့်အညီ အမြန်ဆုံး ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်း၏ ဆောင်ရွက်မည့် စီမံကိန်းများတွင် ရေ၊ လျှပ်စစ်၊ အမှိုက်၊ မိလ္လာစနစ်များ၊ သယ်ယူ ပို့ဆောင်ရေးစနစ်အတွက် BRT၊ LRT၊ MRT စသည့် စနစ်များဆောင်ရွက်ရန် လျာထားပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.