Connect with us

Culture & Entertainment

တိုရန်တို နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် တရုတ်နိုင်ငံမှ ရုပ်ရှင်ကား နှစ်ကား ဝင်ရောက် ပြသမည်

ပြင်သစ်နိုင်ငံတွင် ကျင်းပသော Cannes ရုပ်ရှင်ပွဲတော်တွင် Mountains May Depart ရုပ်ရှင်ဇာတ်ကားမှ အဖွဲ့သားများ အားတွေ့ရစဉ် (ဆင်ဟွာ)

တိုရန်တို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တိုရန်တို နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အား စက်တင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားပြီး တရုတ် ရုပ်ရှင်ဖန်တီးသူ Jia Zhangke ၏ နောက်ဆုံးပေါ် လက်ရာ တစ်ခု ဖြစ်သော Mountains May Depart ဇာတ်ကား အပါအဝင် တရုတ်နိုင်ငံမှ အနည်းဆုံး ရုပ်ရှင်ကား နှစ်ကား ပါဝင် ပြသရန် ရှိကြောင်း သိရပါသည်။

Mountains May Depart ဇာတ်ကားနှင့် ဟောင်ကောင်ဒါရိုက်တာ ဂျွန်နီတို ရိုက်ကူးထားသော office ရုပ်ရှင်ကား တို့သည် အင်္ဂါနေ့၌ TIFF ရုံးချုပ် Bell Lightbox မှ ကြေငြာလိုက်သည့် အထူး တင်ဆက်မှုပေါင်း ၄၉ ခုထဲ တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

တိုရန်တို နိုင်ငံတကာ ရုပ်ရှင် ပွဲတော် (Toronto International Film Festival= TIFF) တွင် ပြသရန် ကမ္ဘာအနှံ့၊ နိုင်ငံတကာ သို့မဟုတ် မြောက်အမေရိကား ပွဲဦးထွက် ဇာတ်ကားပေါင်း ၃၀၀ နီးပါး တင်ဆက်ပြသဖို့ စီစဉ်ထားပါသည်။“ ကျွန်တော်တို့က ဒီနှစ်ထဲမှာ နှစ်လေးဆယ်ပြည့် အခမ်းအနား ပြုလုပ်မှာဖြစ်ပြီး ရသစုံ ဇာတ်ကား တွေလဲ ပါဝင်ပါတယ် ” ဟု TIFF ၏ စီအီးအိုနှင့် ဒါရိုက်တာ ပီယာစ် ဟန်လင်း ကပြောပါသည်။

တိုရန်တို နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အား ၁၉၇၆ ခုနှစ်၌ စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ဂုဏ်သတင်း အကြီးဆုံး ရုပ်ရှင် ပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။ နှစ်လေးဆယ်ပြည့် ကျင်းပမည့် အဆိုပါ ပွဲတော်အတွက် ဇာတ်ကားများအား လာမည့် တစ်ပတ်တွင် ထုတ်ပြန်မည် ဖြစ်ပြီး ပွဲတော်ကို စက်တင်ဘာလ ၁၀ ရက်မှ ၂၀ ရက်အတွင်း ပြုလုပ်ဖို့ရှိပါသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.