Connect with us

Culture & Entertainment

နှစ်ပေါင်း ၁,၂၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ဗုဒ္ဓ ဥယျာဉ်တော် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၌ ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ဒေသ၊ ချန်ဒူး မြို့လယ်၌ တူးဖော်နေသော နှစ်ပေါင်း ၁,၂၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ဗုဒ္ဓ ဥယျာဉ်တော် (ဓာတ်ပုံ- အင်တာနက် )

ချန်ဒူး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁,၂၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ဗုဒ္ဓ ဥယျာဉ်တော် တစ်ခုအား ပြည်တွင်း ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရေး အဖွဲ့က တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ဒေသ၊ ချန်ဒူး မြို့လယ်၌ ရှာဖွေတွေ့ရှိခဲ့ပါသည်။

တူးဖော် တွေ့ရှိထားသော တရုတ်နိုင်ငံ ထန် မင်းဆက် (အေဒီ ၆၁၈ မှ အေဒီ ၉၀၇) ခေတ်တုန်းက ဖြစ်နိုင်ပြီး ချန်ဒူး မြို့လယ်၌ ယခုလ အစောပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်း သုတေသီများသည် စတုရန်းမီတာ၂,၅၀၀ အကျယ်ရှိ ဥယျာဉ်တော်အတွင်း ၊ မီတာ ၉၀ ရှည်သော တူးမြောင်း တစ်ခုနှင့် ရေကန် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပါသည်။

ရှာဖွေရေး ပရောဂျက်ခေါင်းဆောင် ရီလိ က ဆင်ဟွာကို ပြောကြားရာတွင် ဥယျာဉ်တော်သည် အဆိုပါ နှစ်ကာလ အတွင်း တည်ထားသော ဗုဒ္ဓဘုရား ကျောင်းတစ်ခုနှင့် ကပ်လျက် တည်ရှိနေသော လူသားတို့ ဖန်တီး ပြုလုပ်ခဲ့သည့်နေရာ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ကြောင်း ပြောပါသည်။

တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ဒေသ၊ ချန်ဒူး မြို့လယ်ရှိ ရှေးဟောင်း ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တူးဖော်တွေ့ရှိရသော မြေအိုး မြေခွက်များ၊(ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပေါင်း ၁၁၀ ကျော် ချင်မင်းဆက် ခေတ်က ဗုဒ္ဓ ရုပ်ပွားတော်ပေါင်း မြောက်များစွာ ကိုလည်း ထိုဘုရားကျောင်း အနီးတွင် တွေ့ရှိ ခဲ့ပါသေးသည်။ ရှေးဟောင်း မြေထည်ပစ္စည်းများ၊ ဗုဒ္ဓ ကျောက်ဆစ် ရုပ်ပွားတော်များလည်း ထိုနေရာအတွင်း တွေ့ရှိခဲ့ပါသည်။

ရှေးဟောင်း သုတေသီများ၏ အဆိုအရ တန် မင်းဆက်ခေတ်တွင် နန်းတွင်းများ၊ ဘုရားကျောင်းများ နှင့် လူနေအိမ်များ တွင် ဥယျာဉ်များ တည်ဆောက် ထားခဲ့ကြောင်း သိရပါသည်။ (Xinhua)