တရုတ်နိုင်ငံ အစိုးရသည် ငလျင်ဒဏ်ခံစားခဲ့ရသော ဗနွားတူနိုင်ငံကို သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား အထောက်အကူဖြစ်စေရန် အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ တစ်သန်း ပံ့ပိုးကူညီခဲ့ကြောင်း တရုတ် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ ပြောရေးဆိုခွင့်ရှိသူ Li Ming က ဒီဇင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ ဗနွားတူနိုင်ငံ၏ တောင်းဆိုချက်အရ...
ဟွမ်ဆန်းတောင်သည် ယူနက်စကို ကမ္ဘာ့ယဥ်ကျေးမှုနှင့် သဘာဝအမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်ကာ ယင်း၏ သဘာဝရှုခင်းများ၊ တောအုပ်များ၊ ကျောက်ထရံပေါ်တွင် ရေးထွင်းထားသောစာများကို ထိန်းသိမ်းကာကွယ်ခြင်းက လူအများအပြား၏ ဘုံတာဝန် ဖြစ်လာခဲ့သည်။ ယင်းအား နောက်ကွယ်မှ ကာကွယ်စောင့်ရှောက်နေသူများ အကြောင်းကို ဖော်ပြပါလင့်ခ်တွင် ပိုမိုလေ့လာဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZO6 (Xinhua) ………………… (English Version) Protectors...
ချန်းတူး (ရှီးဇန့်)၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) လိုင်ကူရေခဲမြစ်သည် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချန်းတူးမြို့ ၊ပါးရှို့ခရိုင်၊ ရန်ဝူမြို့နယ်တွင်းရှိ ရေခဲမြစ်များစွာ၏ စုပေါင်းအမည်တစ်ခုဖြစ်သည်။ ၎င်း၏အပြင်ပန်း အသွင်အပြင်သည် ထူးခြားပြီး ခမ်းနားလှပကာ အဏ္ဏဝါအသွင်ရေခဲမြစ်ဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………. (Chinese Version) 美丽中国|壮美的来古冰川 昌都(西藏),2024年12月19日...
ဝေးနင် (ကွေ့ကျိုး)၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ပိကျယ်မြို့၊ ဝေးနင်ခရိုင်ရှိ ချောင်ဟိုင် အမျိုးသားသဘာဝဘေးမဲ့ဇုန်သည် ပြီးပြည့်စုံသော၊ သဘာဝကုန်းပြင်မြင့်စိမ့်မြေဂေဟစနစ်တစ်ခုဖြစ်ပြီး နိုင်ငံပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော လည်ပင်းနက်ကြိုးကြာ (Black-necked crane) များ၏ အဓိကဆောင်းခိုရာနေရာတစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ထိုဒေသတွင် ချောင်ဟိုင်ဂေဟစနစ် ပြန်လည်ပြင်ဆင်ရေးနှင့် ကင်းလှည့်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများ...
ယန်ချိန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဆောင်းခိုရန် ကျန်းဆူးပြည်နယ် ယန်ချိန်မြို့ စိမ့်မြေ ရှားပါးငှက် နိုင်ငံအဆင့် သဘာဝဘေးမဲ့ဇုန်သို့ မန်ချူးရီးယားကြိုးကြာ (Red- crowned crane) အများအပြား ပျံသန်းရောက်ရှိလာသည်။ အဆိုပါ သဘာဝဘေးမဲ့ဇုန်သည် ပင်လယ်ဝါ ကမ်းရိုးတန်းတွင် တည်ရှိပြီး ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းငှက်များ...
Xilingol (အတွင်းမွန်ဂိုလီးယား)၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဆောင်းရာသီတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Xilingol League ရှိ East Ujimqin Banner ၏ မြက်ခင်းပြင်များသည် အဖြူရောင်ဆီးနှင်းများဖုံးလွှမ်းနေသည်။ မြင်းထိန်းများက ဆီးနှင်းပြင်တစ်လျှောက် မြင်းများကို လေ့ကျင့်ပေးကာ အနယ်နယ် အရပ်ရပ်မှလာသော ခရီးသွားဧည့်သည်များကို ရင်သပ်ရှုမောဖွယ်ကောင်းသည့်...
တရုတ်နိုင်ငံ၏ မြောက်ပိုင်းသစ်တောထိန်းသိမ်းကာကွယ်ရေးအစီအစဉ် (Three-North Shelterbelt Forest Program) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆယ်စုနှစ်လေးခုအတွင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံ၏ အကြီးဆုံး သဲကန္တာရဖြစ်သော ထာခက်လားမာကန်းသဲကန္တာရကို ၃,၀၄၆ ကီလိုမီတာ ရှိသည့် အစိမ်းရောင်ရပ်ဝန်းဖြင့် အပြည့်အဝ ကာရံလွှမ်းခြုံထားနိုင်ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ “အစိမ်းရောင် မဟာတံတိုင်းကြီး” (၁/၃) အသေးစိတ်အကြောင်းအရာများကို ဖော်ပြပါဓာတ်ပုံတွင်...
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက သဲကန္တာရဖြစ်ထွန်းမှုပြောင်းလဲရေး၊ အစိမ်းရောင်ဖွံဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို မီးမောင်းထိုးပြနေသည့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာ့ဘဏ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူက ချီးကျူးပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zw0 …………………………………….. (English Version) China’s Ningxia...
ရေပေါများသော နိုင်ငံတောင်ပိုင်းမှ မိုးခေါင်မှု ဖြစ်ပွားလေ့ရှိသော နိုင်ငံမြောက်ပိုင်းဆီသို့ ရေပို့လွှတ်ပေးသည့် အကြီးစား ရေသွယ်မြောင်းစီမံကိန်းကြောင့် တရုတ်ပြည်သူ ၁၈၅ သန်းကျော်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တိုက်ရိုက်အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZwR …………………….....
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကျောက်ကြွယ်ခရိုင်ရှိ တောင်ကမ်းပါးယံနံဘေးက စတီးလှေကားသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး စတီးလှေကားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ အမြင့် ၃၇၀.၁ မီတာရှိသော အဆိုပါ စတီးလှေကားသည် တစ်ချိန်က “တောင်ကမ်းပါးယံကျေးရွာလေး” ဟု လူသိများသော အားထူလျဲ့အော်ကျေးရွာသို့ ဝင်ထွက်သွားလာရန်...