International Organizations
ကြွက်သားဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲစဉ်များကို အမ်ဘာပေ လွဲချော်ဖွယ်ရှိ
မက်ဒရစ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေမှာ ဧပြီ ၂၄ ရက်က ရီးရဲလ်ဘက်တစ်နှင့် ၁ ဂိုးစီ သရေကျခဲ့သည့် လာလီဂါအဝေးကွင်းပွဲစဉ်၌ ကြွက်သားဒဏ်ရာ ရရှိခဲ့ကြောင်း အသင်းဘက်က အတည်ပြုခဲ့ပြီးနောက် မေ ၁၀ ရက်တွင် ဘာစီလိုနာအသင်းနှင့် အဝေးကွင်းပွဲစဉ် အပါအဝင် ရာသီလက်ကျန် ငါးပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
အမ်ဘာပေမှာ ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၀ မိနစ်အလို၌ ကွင်းထဲမှထွက်ခွာခဲ့ရပြီး ထိုပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်က ၁-၀ ဂိုးဖြင့် ဦးဆောင်ထားသော်လည်း ဟက်တာ ဘယ်လာရင်၏ နောက်ကျချေပဂိုးကို ခွင့်ပြုခဲ့ရသည့်အတွက် ယခုရာသီ၌ ချန်ပီယံဖြစ်နိုင်မည့် အလားအလာမှာ အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်သည်။
“ဧပြီ ၂၇ ရက်က ကီလီယန် အမ်ဘာပေကို ဆေးစစ်မှုလုပ်ဆောင်ခဲ့ပြီးနောက် သူဟာ ဘယ်ဘက်ခြေထောက်မှာ semitendinosus တံကောက်ကြောကြွက်သား ဒဏ်ရာရရှိထားတာကို တွေ့ရှိရပါတယ်” ဟု ရီးရဲလ်မက်ဒရစ်အသင်း ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းက ယခင်ကဲ့သို့ပင် ကစားသမား ဘောလုံးပြန်ကစားနိုင်မည့် အချိန်ကို ဖော်ပြထားခြင်းမရှိဘဲ ယခုရာသီတွင် လာလီဂါ၌ ၂၄ ဂိုးသွင်းယူထားသည့် အမ်ဘာပေ၏ ဒဏ်ရာအခြေအနေတိုးတက်မှုကို စောင့်ကြည့်နေသည်ဟုသာ ဖော်ပြထားသည်။
ယခုနွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် နီးကပ်နေခြင်းကလည်း စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်ကာ အဆိုပါပြိုင်ပွဲအား ဇွန် ၁၁ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး အမ်ဘာပေမှာ ပြင်သစ်အသင်း၏ အရေးပါသော ကစားသမားတစ်ဦးလည်းဖြစ်သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် ပေကျင်းမစ်ရှင် အကြီးအကဲ Ahmed Mustafa Fahmy Hafez တို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

…………………………………….
(English Version)
Mbappe could miss rest of season with muscle injury
MADRID, April 27 (Xinhua) — Real Madrid forward Kylian Mbappe is in danger of missing the last five games of the La Liga season, including the clash away to FC Barcelona on May 10, after the club confirmed that he suffered a muscle injury in Friday night’s 1-1 draw away to Real Betis.
Mbappe had to leave the pitch 10 minutes from time with Real Madrid leading 1-0, before Hector Bellerin’s late equalizer all but ended Madrid’s chances of winning this season’s title.
“Following the tests carried out today on Kylian Mbappe, he has been diagnosed with an injury to the semitendinosus muscle in his left leg,” informed the Real Madrid website.
As usual with Real Madrid, there was no return date, with the club only informing that it was “awaiting progress,” on the Frenchman, who has 24 goals in La Liga this season.
The proximity of this summer’s World Cup is also a factor, with the tournament kicking off on June 11, and Mbappe set to play a crucial role for France.
English Caption 1
Kylian Mbappe of Real Madrid shoots during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 2
Real Madrid’s Kylian Mbappe celebrates a goal during a La Liga football match between Real Madrid and Sevilla FC at Santiago Bernabeu stadium in Madrid, Spain, on Dec. 20, 2025. (Photo by Gustavo Valiente/Xinhua)
