Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန် ရေးသားထားသော “တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေး” စာအုပ်မှတဆင့် တရုတ်နိုင်ငံ အကြောင်းကို ပိုမို နားလည်စေနိုင်ကြောင်း မက္ကဆီကို ပညာရှင်ပြောကြား

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် ရေးသားသော The Governance of China စာအုပ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားထားသော “တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေး” ဟု အမည်ရသော စာအုပ် သည် ပြည်တွင်းရေးရာ ကိစ္စအပေါ် စာရေးသူ၏အမြင် တစ်ခုထဲ မဟုတ်ဘဲ ကမ္ဘာလုံး ဆိုင်ရာကိစ္စများ အပေါ် သူ၏ အတွေးအခေါ်များပါ စာဖတ်သူများအား ပေးစွမ်းခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆိုင်ရာ မက္ကဆီကို သံအမတ် ကြီးအဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၈၀ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သော Eugenio Anguiano က ပြောကြားသည်။

“ထိုစာအုပ်အား ဖတ်ခြင်းဖြင့်တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အစိုးရနှင့် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ အတွေးအခေါ်များ အား တရုတ်နိုင်ငံသားတွေ အပါအဝင် ကမ္ဘာကပါ လေ့လာခွင့် ရနိုင်ဖို့ အကောင်ဆုံး နည်းလမ်း ဖြစ်တယ်။ အထူးသဖြင့် လုံခြုံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကိစ္စ ရေးရာတွေမှာပေါ့” ဟု မက္ကဆီကို ဘောဂဗေဒ သင်ကြားရေးနှင့် သုတေသန စင်တာ၏ ဆရာနှင့် သုတေသီလည်း ဖြစ်သူ Anguiano က ပြောသည်။

ရှီ၏ စာအုပ်တွင် သူ၏ ငယ်ဘဝကစသော အတွေ့အကြုံများမှ အစပါဝင်ပြီး အကြောင်းအရာများသည် ရှင်းလင်းပြီး လေးနက်မှု ရှိကြောင်း Anguiano က ဆင်ဟွာသို့ ပြောကြားသည်။

သူကဆက်၍ “ သူသမ္မတ မဖြစ်မီက မတူညီတဲ့ အလုပ်တာဝန်တွေမှာ လုပ်ကိုင်ခဲ့ဖူးပြီး အဲဒီအတွေ့ အကြုံတွေဟာ ပြည်သူလူထုရဲ့ နေထိုင်မှုအခြေအနေနဲ့ မျှော်လင့်ချက်အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့နားလည်မှုကို ပိုမိုလေးနက်စေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ကျွန်တော်ထင် တယ်” ဟု ပြောသည်။

ထိုစာအုပ်သည် အုပ်ရေ ၅.၂ သန်းကျော်ရောင်းချခဲ့ရပြီး အင်္ဂလိပ် ၊ တရုတ် ၊ ပြင်သစ်၊ ရုရှား၊ အာရပ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမန်နှင့် ဂျပန် ဘာသာစကားများ ဖြင့်လည်း ရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စာအုပ်တွင် တရုတ်နိုင်ငံ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်း အကြောင်း များနှင့် ဓာတ်ပုံများလည်း ပါဝင်ပြီး ရှီ၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၄ ခုနှစ် ဇွန်လတွင်း ပြောကြားခဲ့သော မိန့်ခွန်းများ၊ ဆွေးနွေးချက်များ၊ အင်တာဗျူးများ၊ ညွှန်ကြားချက်များနှင့် စာများအပါအဝင် စုစုပေါင်း ၇၉ မျိုးလည်း ပါဝင်သည်။

စာအုပ်ထဲတွင် ပါရှိသော အကြောင်းအရာများစွာသည်လည်း တရုတ်နိုင်ငံ အစိုးရနှင့် အာဏာရပါတီတို့၏ လက် ရှိလိုအပ်ချက်များနှင့် တိုက်ရိုက် ဆက်စပ်နေပါတယ်ဟုလည်း Anguiano က ပြောကြားသည်။

“ ဒီစာအုပ်မှာ သမ္မတရှီဟာ ကြီးမားသော အပြောင်းအလဲများနှင့် ယနေ့ခေတ် တရုတ်ပြည်၏ အုပ်ချုပ်မှု နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ အထွေထွေ နိုင်ငံရေး အတွေးအခေါ်များကို အနှစ်ချုပ်ထား ရေးသားထားသည့်အတွက် ဒီစာအုပ်ကိုဖတ်တဲ့ ဘယ်သူမဆို တရုတ်ပြည်သူများရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ အိမ်မက်တွေကို နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု Anguiano ကပြောပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.