China
တရုတ်ရေတပ်၏ ဆေးရုံသင်္ဘောက အချိန်အကြာဆုံး ပင်လယ်ရပ်ခြား ဆေးဘက်ဆိုင်ရာမစ်ရှင်၌ လူနာပေါင်း ၂၆,၀၀၀ ကျော်ကို ဆေးကုသမှုပေးခဲ့
ဆန်းရ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
“ဒါက နာမကျန်းဖြစ်မှုတွေကို ကုသပေးတဲ့ သင်္ဘောတစ်စင်းပဲလား” ဟု ကလေးလူနာ ဆွေးနွေးတိုင်ပင်သည့်အခန်း၌ ထိုင်နေသည့် ဘာဘေဒိုးစ်နိုင်ငံမှ အသက်လေးနှစ်အရွယ် လူနာတစ်ဦးက ၎င်းအား ဆေးကုသပေးသော တရုတ်ဆရာဝန်ထံမှ စက္ကူသင်္ဘောတစ်စင်း လက်ဆောင်ရရှိပြီးနောက်တွင် မေးမြန်းခဲ့သည်။
“ဟုတ်ပါတယ်” ဟု ပြန်ဖြေသည့်အခါ ၎င်းက ကိုယ်ကိုညွှတ်ကာ အဆိုပါ စက္ကူသင်္ဘောကို အနမ်းပေးခဲ့သည်။
ထိုမိန်းကလေးငယ်အား ဆေးကုသပေးခဲ့သည့် လူနာဆွေးနွေးတိုင်ပင်သည့် အခန်းအား ပင်လယ်ရပ်ခြား ဆေးဘက်ဆိုင်ရာမစ်ရှင် ထမ်းဆောင်ရန် ထိုစဉ်က ဘာဘေဒိုးစ်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ရေတပ်၏ ဆေးရုံသင်္ဘောတစ်စင်းပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ “Silk Road Ark (ပိုးလမ်းမသင်္ဘော) ” ဟု အမည်ရသော ဆေးရုံသင်္ဘောသည် တရုတ်ရေတပ်က ထမ်းဆောင်ခဲ့သည့် အလားတူမစ်ရှင်များအနက် အချိန်အကြာဆုံး စေလွှတ်မှုအဖြစ် ပင်လယ်ရပ်ခြား၌ ရက်ပေါင်း ၂၃၄ ရက်ကြာ ဆေးဘက်ဆိုင်ရာမစ်ရှင် ပြီးဆုံးပြီးနောက် ဧပြီ ၂၆ ရက်က မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
“Mission Harmony-2025” ဟု အမည်ဝှက်ပေးထားသည့် ပင်လယ်ရေကြောင်းခရီးရှည်အား ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ကာ အဆိုပါသင်္ဘောသည် နော်ရူး၊ ဖီဂျီ၊ တွန်ဂါ၊ ဂျမေကာ၊ ဘာဘေဒိုးစ်နှင့် ပါပူအာ နယူးဂီနီ စသည့် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယင်းနိုင်ငံများ၏ ဒေသခံလူထုအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမစ်ရှင်အတွင်း အဖွဲ့သည် ပြင်ပလူနာ ၂၆,၃၂၄ ဦးအား ရောဂါစစ်ဆေးကုသပေးခဲ့ပြီး ခွဲစိတ်ကုသမှုပေါင်း ၂,၇၂၄ ကြိမ် လုပ်ဆောင်ပေးခဲ့သည့်အပြင် ရောဂါရှာဖွေစစ်ဆေးမှုနှင့် စမ်းသပ်မှုအကြိမ်ရေ ၁၇,၂၇၃ ကြိမ် လုပ်ဆောင်ခဲ့သလို အတွင်းလူနာ ၁၃၆ ဦးကိုလည်း ကုသပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် သင်္ဘောအမှုထမ်းများသည် ဘရာဇီးနိုင်ငံနှင့် ချီလီနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဆေးပညာရပ်ဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ လုပ်ဆောင်ခဲ့သလို ဖီဂျီ၊ တွန်ဂါ၊ ဘရာဇီးရေတပ်တို့နှင့် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုများတွင်လည်း ပါဝင်ခဲ့သည်။
“Mission Harmony” ဆိုသည်မှာ တရုတ်ရေတပ်က ၂၀၁၀ ပြည့်နှစ်မှစ၍ စီစဉ်လုပ်ဆောင်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပင်လယ်ရပ်ခြား ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တစ်ခုဖြစ်သည်။ ယခင် မစ်ရှင် ၁၀ ကြိမ်ကို Peace Ark (ငြိမ်းချမ်းရေးသင်္ဘောကြီး) ဆေးရုံသင်္ဘောက ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ ၁၁ ကြိမ်မြောက်ဖြစ်သည့် ယခုမစ်ရှင်၌မူ Silk Road Ark ဆေးရုံသင်္ဘောကို ပင်လယ်ရပ်ခြားသို့ ပထမဆုံးအကြိမ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ဒုတိယမြောက် ပြည်တွင်း၌တည်ဆောက်ထားသော တန်ချိန်တစ်သောင်း အတန်းစား စံချိန်မီ ပင်လယ်သမုဒ္ဒရာသွား ဆေးရုံသင်္ဘော Silk Road Ark ၌ လက်တွေ့ဆေးဝါးကုသမှုဌာန ၁၄ ခု၊ အကူအဖွဲ့ ၇ ဖွဲ့နှင့် ခေတ်မီခွဲစိတ်ခန်း ၈ ခန်း ပါဝင်သည့်အတွက် ခွဲစိတ်ကုသမှု အမျိုးအစား ၆၀ ကျော်ကို လုပ်ဆောင်ပေးနိုင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါဆေးရုံသင်္ဘော၌ သင်္ဘောတင် ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းလည်း ပါရှိသဖြင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရသည့် အရေးပေါ်တာဝန်များကိုလည်း ထမ်းဆောင်နိုင်သည်။
ဆေးအဖွဲ့အား အခြားအဖွဲ့များမှ အဖွဲ့ဝင်များ၊ ရေတပ်ဆေးပညာတက္ကသိုလ်မှ အဖွဲ့ဝင်များနှင့်အတူ PLA တောင်ပိုင်းစစ်ဒေသကြီးမှ ဆေးဘက်ဆိုင်ရာ အမှုထမ်းများဖြင့် အဓိကဖွဲ့စည်းထားခြင်းဖြစ်သည်။
ထိုဆေးရုံသင်္ဘောပေါ်၌ ပါရှိသော အသုံးအဆောင်ပစ္စည်းများကလည်း အထွေထွေခွဲစိတ်ကုသမှု၊ အရိုးရောဂါကုသမှု၊ မီးယပ်ရောဂါကုသမှု၊ မျက်စိကုသမှု အပါအဝင် ဝန်ဆောင်မှုအမျိုးမျိုးကို အထောက်အကူပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖီဂျီနိုင်ငံသို့ ရောက်ရှိစဉ်အတောအတွင်း အဆက်မပြတ် ဗိုက်အောင့်သည့်ဝေဒနာ ခံစားနေရသည့် ဒေသခံ အမျိုးသားတစ်ဦးက အဆိုပါ ဆေးရုံသင်္ဘောပေါ်၌ ကုသမှုခံယူခဲ့ရာ တရုတ်ဆေးအဖွဲ့က အူမကြီးမှန်ပြောင်းဖြင့် အလျင်အမြန်စစ်ဆေးခဲ့ရာတွင် စအိုကင်ဆာ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း အတည်ပြုပေးခဲ့သည်။
ထို့နောက် တရုတ်ဆရာဝန်များက ဒေသခံဆရာဝန်များ၊ မေ့ဆေးဆရာဝန်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ရှုပ်ထွေးသော mid-to-low စအိုကင်ဆာခွဲစိတ်မှုကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့သည်။
“တရုတ်ဆရာဝန်တွေကို ကျေးဇူးတင်ပါတယ်” ဟု ခွဲစိတ်မှုအပြီးတွင် လူနာ၏ မိသားစုက တရုတ်ဘာသာဖြင့် ကြိုးစားပမ်းစားပြောဆိုလျက် ၎င်းတို့၏ ကျေးဇူးတင်အသိအမှတ်ပြုမှုကို ပြသခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260426/98f42f546e204d5e84c5d54b7807e8c7/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ စစ်ဘက်ဆိပ်ကမ်းတစ်ခု၌ ဆိုက်ကပ်ရပ်နားထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ဆေးရုံသင်္ဘော Silk Road Ark ပေါ်တွင် အမှုထမ်းများ စုဖွဲ့နေရာယူထားပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ စစ်ဘက်ဆိပ်ကမ်းတစ်ခု၌ ဆိုက်ကပ်ရပ်နားထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ဆေးရုံသင်္ဘော Silk Road Ark အား ကြိုဆိုသည့် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………
(English Version)
Chinese navy hospital ship treats over 26,000 in longest overseas medical mission
SANYA, April 26 (Xinhua) — “Is this a ‘boat that treats illnesses,’ just like yours?” This question was asked by a four-year-old patient from Barbados, sitting in a pediatric consultation room, after receiving a paper boat as a gift from her Chinese doctor.
When she was told yes, she leaned in and gave the paper boat a kiss.
The consultation room where the girl was treated was set up aboard a visiting Chinese naval hospital ship that was in Barbados at that time to carry out an overseas medical mission.
The Chinese People’s Liberation Army (PLA) Navy hospital ship, Silk Road Ark, on Sunday returned home after completing the 234-day overseas medical mission, the longest deployment of its kind undertaken by the Chinese navy.
Codenamed “Mission Harmony-2025,” the voyage began in September 2025 and took the ship to Nauru, Fiji, Tonga, Jamaica, Barbados and Papua New Guinea, where it delivered a wide range of free medical services to local communities.
Over the course of the mission, the team handled 26,324 outpatient visits and performed 2,724 surgical operations. In addition, 17,273 diagnostic tests and examinations were carried out, while 136 patients were given inpatient care.
The crew members also conducted medical exchanges during their stays in Brazil and Chile, and took part in joint maritime exercises with the navies of Fiji, Tonga and Brazil.
“Mission Harmony” is an overseas humanitarian medical service program organized by the Chinese navy since 2010. The previous 10 missions were carried out by the hospital ship Peace Ark. The latest mission, the 11th in the series, marked the first overseas deployment of Silk Road Ark.
As China’s second domestically built 10,000-ton-class standard oceangoing hospital ship, Silk Road Ark is equipped with 14 clinical departments, seven auxiliary units and eight modern operating rooms, capable of performing more than 60 types of surgeries.
The vessel is also fitted with a ship-borne rescue helicopter, enabling rapid-response emergency operations.
The medical team was composed primarily of medical personnel from the PLA Southern Theater Command, along with members from other units and the Naval Medical University.
Onboard facilities supported a wide range of services, including general surgery, orthopedics, obstetrics and gynecology, and ophthalmology.
In Fiji, a local man sought treatment aboard the hospital ship after suffering from persistent abdominal pain. The Chinese medical team quickly arranged a colonoscopy, which confirmed a diagnosis of rectal cancer.
Chinese doctors then worked closely with local doctors and anesthesiologists to perform a complex mid-to-low rectal cancer surgery, which was successfully completed.
“Thank you, Chinese doctors!” the patient’s family said in halting Chinese after the operation, expressing their gratitude.
https://english.news.cn/20260426/98f42f546e204d5e84c5d54b7807e8c7/c.html
English Caption 1
The Chinese People’s Liberation Army (PLA) Navy hospital ship, Silk Road Ark, docks at a military port in Sanya, south China’s Hainan Province, April 26, 2026. (Photo by Cui Xiaoyang/Xinhua)
English Caption 2
Crew members of the Chinese People’s Liberation Army (PLA) Navy hospital ship, Silk Road Ark, stand in formation as the ship docks at a military port in Sanya, south China’s Hainan Province, April 26, 2026. (Photo by Cui Xiaoyang/Xinhua)
English Caption 3
This photo taken on April 26, 2026 shows a welcoming ceremony held for the Chinese People’s Liberation Army (PLA) Navy hospital ship, Silk Road Ark, at a military port in Sanya, south China’s Hainan Province. (Photo by Cui Xiaoyang/Xinhua)
