Connect with us

WORLD

အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံက ဒေါ်နယ်ထရမ့်၏ COVID-19 ကိုင်တွယ်ပုံကို သဘောမကျကြောင်း စစ်တမ်းကဖော်ပြနေ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံ သို့မဟုတ် ၆၇ ရာခိုင်နှုန်းက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုင်တွယ်မှုအပေါ် သဘောမကျကြောင်း၊ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ၎င်း၏တုံ့ပြန်မှုကို ကျေနပ်မှုမရှိသည်မှာအမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်က ထုတ်ပြန်သည့် စစ်တမ်းတစ်ခုအရ သိရသည်။ 

ထရမ့်၏ ဆောင်ရွက်ချက်ကို အရွယ်ရောက်ပြီးသူ ၃၃ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ကြောင်း နောက်ဆုံးကောက်ယူထားသည့် ABC-Ipsos စစ်တမ်းကောက်ယူမှုက တွေ့ရှိထားသည်။ 

ထရမ့်၏ ရီပက်ဘလစ်ကန်များမှ ထောက်ခံမှုကလည်း သမ္မတ၏ ကပ်ရောဂါဆိုင်ရာ ဆောင်ရွက်မှုအပေါ် ထောက်ခံမှုမှာ ၉၀ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ 

စစ်တမ်းအရ တစ်သီးပုဂ္ဂလများအကြား သမ္မတအပေါ် ထောက်ခံမှုမှာ ၂၆ ရာခိုင်နှုန်းရှိပြီး ဇွန်လလယ်ပိုင်းတွင် ၄၀ ရာခိုင်နှုန်းရှိရာမှထိုးကျသွားခြင်း ဖြစ်သည်။ 

အဆိုပါ စစ်တမ်းကောက်ယူမှုသည် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ အရွယ်ရောက်ပြီးသူ ၇၁၁ ဦးအား ကောက်ယူထားခြင်းဖြစ်သည်။ 

အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် လူပေါင်း ၁၃၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃.၁ သန်းကျော်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းအရ သိရသည်။  (Xinhua)