Connect with us

WORLD

လာအိုနိုင်ငံတွင် COVID-19 လူနာသစ် လုံးဝမရှိ ၊ နောက်ထပ်လူနာတစ်ဦး ရောဂါပျောက်ကင်းဟုဆို

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)
 

ဗီယင်ကျန်း၊ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

လာအိုနိုင်ငံတွင် နောက်ထပ်လူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းသွားကြောင်း နှင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် COVID-19 ရောဂါကူးစက်မှုအသစ်လုံးဝ မရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Latsamy Vongkhamsao က ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားရာ၌ COVID-19 လူနာတစ်ဦးအား ဗိုင်းရပ်စ်စစ်ဆေးစမ်းသပ်မှုပြုလုပ်ရာတွင် နှစ်ကြိမ်တိတိ negative ရလဒ် အဖြေထွက်ပေါ်သဖြင့် ၎င်းအား အိမ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆိုသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

မနေ့က ဒီဇင်ဘာ ၁၃ ရက်တွင် လာအိုနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်များမှတဆင့် ဖြတ်ကျော်ဝင်ရောက်လာသူ စုစုပေါင်း ၁,၈၇၁ ဦးရှိခဲ့သည်။ ထိုသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ အဖျားရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ထိ သံသယရှိသူပေါင်း ၈၅,၀၆၄ ဦးကို ရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ရာတွင် positive ရလဒ်အဖြေထွက်ရှိသူ ၄၁ ဦးရှိခဲ့ကြောင်း နှင့် ၎င်းတို့အနက် ၃၄ ဦးမှာ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အကာအကွယ်များဖြင့် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ နိုင်ငံအတွင်း ကျန်ရှိနေသော လူနာ ၇ ဦးကို ဗီယင်ကျန်းမြို့တော်ရှိ ကိုဗစ်ကုသရေးသတ်မှတ်ဆေးရုံဖြစ်သော Mittaphab ဆေးရုံ၌ ဆက်လက်ကုသမှု ပေးထားကြောင်း သိရသည်။ လာအိုနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်က ပထမဆုံး COVID-19 ရောဂါ အတည်ပြုလူနာ နှစ်ဦးကို စတင် စစ်ဆေးတွေ့ရှိခဲ့သည်။(Xinhua)

——————————–
(English Version)
Laos records no new cases of COVID-19, 1 more recovery

VIENTIANE, Dec. 14 (Xinhua) — The Lao Ministry of Health reported no new COVID-19 infected cases on Monday, and one more patient has recovered.
Deputy Director General of the Department of Communicable Disease Control under the Ministry of Health Latsamy Vongkhamsao told a press conference in on Monday that one recovered COVID-19 patient is returning home after twice testing negative for the virus.

On Sunday, a total of 1,871 people entered Laos through international border checkpoints. The temperature of each person entering Laos was checked and no one showed signs of fever.
As of Monday, Laos tested 85,064 suspected cases with 41 cases tested positive, and 34 patients have recovered.
Another seven infections are treated in designated hospital, Mittaphab Hospital (Hospital 150) in the Lao capital of Vientiane.
Laos detected its first two COVID-19 cases on March 24. Enditem

Photos caption- Students wearing masks attend classes at a school in Vientiane, Laos , May, 2020 .