Connect with us

WORLD

ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံ၏ CanSino COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်ခွင့်ပြု

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ် ပြင်ပရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ CanSino ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်အတွက် ပါကစ္စတန် ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ခွင့်ပြုလိုက်သည့် ဒုတိယမြောက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးဖြစ်လာခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan နှင့် CanSino Biologics Inc. က ဆင်ဟွာသို့ ဖေဖော်ဝါရီ ၁၂ ရက်၌ အတည်ပြုပြောကြားခဲ့သည်။

လက်တွေ့စမ်းသပ်မှုအဆင့်-၃ အရ CanSino ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံအတွင်း ရောဂါလက္ခဏာပြသသော COVID-19 ကူးစက်မှုများကို ကာကွယ်ရာ၌ ၇၄.၈ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း Sultan က ဖေဖော်ဝါရီ ၈ ရက်က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်း လက်တွေ့စမ်းသပ်မှုရလဒ်များကို မျှဝေရာတွင် ယင်း COVID-19 ကာကွယ်ဆေးသည် ရောဂါပြင်းထန်မှုကို ကာကွယ်ခြင်း၌ ၁၀၀ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်း Sultan က ပြောခဲ့သည်။

အဆိုပါ လက်တွေ့စမ်းသပ်မှုများအား ပါကစ္စတန်ရှိ အဓိကမြို့များဖြစ်သော အစ္စလာမ်မာဘတ်၊ လာဟိုးနှင့် ကရာချိတို့ရှိ မတူညီသောနေရာ ၅ ခု၌ ပြုလုပ်ထားခြင်းဖြစ်ပြီး အမျိုးမျိုးသော လူမှုအသိုင်းအဝိုင်းများမှ စေတနာ့ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သီးခြားလွတ်လပ်သောအချက်အလက် စောင့်ကြည့်ရေးကော်မတီတစ်ရပ်မှ ကြားဖြတ် လေ့လာဆန်းစစ်မှုကလည်း ၎င်းကာကွယ်ဆေးသည် ရောဂါလက္ခဏာပြသသော COVID-19 ကူးစက်မှုများကို ကာကွယ်ရာတွင် ၆၅.၇ ရာခိုင်နှုန်း ဆေးစွမ်းထက်ကြောင်းနှင့် ရောဂါပြင်းထန်မှုကို ကာကွယ်ရာတွင် ၉၀.၉၈ ရာခိုင်နှုန်း ရှိသည်ကို နိုင်ငံပေါင်းစုံလေ့လာဆန်းစစ်မှု၌ တွေ့ရှိရကြောင်း၊ ကော်မတီအနေဖြင့် ကာကွယ်ဆေးအပေါ် မှတ်ချက်ပြုရာတွင် ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာဖော်ပြထားခြင်းမရှိကြောင်း Sultan က ဆိုသည်။

ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို ဘေးကင်းစိတ်ချရမှုနှင့် အရည်အသွေးပိုင်း အကဲဖြတ်ပြီးနောက် အရေးပေါ်အသုံးပြုရန်အတွက် ဇန်နဝါရီလအစောပိုင်းက ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၅၆၀,၃၆၃ ဦးရှိပြီး သေဆုံးသူ ၁၂,၂၁၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)

—————————-
(English Version)
Pakistan approves China’s CanSino COVID-19 vaccine for emergency use
2021-02-12 23:37:04
ISLAMABAD, Feb. 12 (Xinhua) — China’s CanSino vaccine has become the second Chinese COVID-19 vaccine to be approved by the Drug Regulatory Authority of Pakistan for emergency use in the country, Special Assistant to the Pakistani Prime Minister on Health Faisal Sultan and the CanSino Biologics Inc. confirmed to Xinhua on Friday.
On Monday, Sultan said that the third phase trials of the CanSino vaccine showed that it is 74.8 percent efficient in preventing symptomatic cases of COVID-19 in the country.
Sharing results of the trials in Pakistan on Twitter, Sultan said the COVID-19 vaccine proved 100 percent efficient at preventing severe disease in Pakistan.
The trials were conducted at five different sites in Islamabad, Lahore and Karachi, the major cities of Pakistan, and the volunteers belonged to different social circles.
Sultan further said that the interim analysis by an independent data monitoring committee also said that the vaccine showed 65.7 percent efficacy at preventing symptomatic cases and 90.98 percent at preventing severe disease in multi-country analysis, adding that the committee did not report any serious safety concerns regarding the vaccine.
Earlier in January, Pakistan approved China’s Sinopharm COVID-19 vaccine for emergency use after evaluating its safety and quality. Pakistan officially launched its vaccination drive on Feb. 3 after receiving China-gifted COVID-19 vaccines.
Pakistan has so far reported 560,363 confirmed cases with 12,218 deaths due to the disease, according to the data released by the country’s health ministry on Friday. Enditem
A medical worker prepares a dose of COVID-19 vaccine at a hospital on the outskirts of Islamabad, capital of Pakistan, Feb. 4, 2021. (Xinhua/Ahmad Kamal)