Connect with us

Environment, Disasters & Accidents

မိုးကုတ်မြို့၌ မြေပြိုကျမှုကြောင့် ၄ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ

မိုးကုတ်မြို့၌ ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-Parami Health Care Foundation )

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ ဩဂုတ်(၂၄)ရက် နံနက်(၆)နာရီခန့်က မြေပြိုမှု ဖြစ်ပွားရာ လူ ၄ ဦးသေဆုံးပြီး အခြားပျောက်ဆုံးနေသူ ၇ ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် Parami Health Care Foundation မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

မိုးကုတ်မြို့၌ ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-Parami Health Care Foundation )

မိုးကုတ်မြို့၌ ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-Parami Health Care Foundation )

” မနက် ၈နာရီက ၃လောင်း၊ ဒီနေ့လည် ၁နာရီလောက်မှာ ၁လောင်းထပ်ရတော့ ၄လောင်းရထားပြီ၊ ၇ ယောက်ပျောက်နေတာ ဆက်ရှာဖွေနေပါတယ်။ မြေကြီးအောက်တွေထဲကို စက်တွေနဲ့ထိုးရှာတာရော၊ လူကိုယ်တိုင် တူးရှာတာတွေရော လုပ်နေရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ် ၃လုံးပျက်စီးသွားပြီး ယင်းနေအိမ်များမှ လူ (၁၁) ဦး မြေပြိုမှုအတွင်း ပိတ်မိပျောက်ဆုံးခဲ့ကြောင်း ၊ ယင်းပျောက်ဆုံးသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်အတွင်း ကလေးအလောင်း(၂)လောင်းနှင့် လူကြီးအလောင်း ၂လောင်း ရရှိထားပြီး ကျန်လူများအား ဆက်လက်ရှာဖွေနေကြောင်း မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” လက်ရှိပျောက်နေတဲ့ ၇ဦးလည်း အသက်ရှင်ဖို့မလွယ်လောက်ဘူး၊ အကုန် မြေကြီးအောက်ရောက်ကုန်တာ”ဟု ၎င်းကဆိုသည်။

မိုးကုတ်မြို့နယ်၌ သြဂုတ်လအတွင်းမြေပြိုကျမှု၊ တောင်ပြိုကျမှုနှင့်ကျောက်တွင်းမြေပြိုကျမှုများကြောင့် လူအသေပျောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ (Xinhua)