Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်အား ရာသီဥတုမရွေး တာရှည်ခိုင်မြဲတည်တံ့သော ရွှေစင်ပြားများ မကြာမီ ကပ်လှူပူဇော်မည်

ရွှေစင်ရွှေပြား ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေမှု အခြေအနေများအားဆွေးနွေးစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်၌ ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ရာသီဥတုမရွေး တာရှည်တည်တံ့ခိုင်မြဲစေရန် အဆင်မြင့် နည်းပညာကို အသုံးပြု၍ ရွှေစင်ရွှေပြား စက်ရုံငယ်တစ်ခုကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး အောက်ပစ္စယံတွင် လုံခြုံစိတ်ချစွာ စနစ်တကျ တည်ဆောက်ထားပြီး အဆိုပါ ရွှေစင်ရွှေပြား စက်ရုံငယ်တစ်ခုမှ ခေတ်မီ နည်းစနစ် စက်ကိရိယာများအသုံးပြုကာ တာရှည်ခိုင်မြဲတည်တံ့သည့် ရွှေစင်ပြား များကို ထုတ်လုပ်၍ မကြာမီ ရွှေတိဂုံစေတီတော်သို့ ကပ်လှူပူဇော် နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရွှေစင်ပြား ထုတ်လုပ်သည့် ကြိတ်စက်အား စက်မှုဝန်ကြီးဌာနက ခေတ်မီနည်းပညာများဖြင့် ပြည်တွင်း၌ ဒီဇိုင်းရေး ဆွဲ၍ ထုတ်လုပ်ခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အောက်တိုဘာ ၂၁ရက်၌ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးတွင် စက်မှုဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော ရွှေစင်ရွှေပြား ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေမှု အခြေအနေနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွှေစင်ပြားစက်ရုံ၏ တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး ရေးဆွဲထားသော ဒီဇိုင်းနှင့် ခေတ်မီနည်းပညာများ အတိုင်း တည်ဆောက်ရေး၊ လုံခြုံစိတ်ချရသော အစီအမံများ ထားရှိရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာ စီမံဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။(Xinhua)