Connect with us

Culture & Entertainment

မြန်မာနိုင်ငံသို့ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး များဖြင့် ဝင်ရောက် လှည်ပတ်မှု ယခုနှစ်တွင် ပိုမိုများပြားလာနိုင်

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောတစ်စင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး များဖြင့် နိုင်ငံတကာဧည့်သည်များ ဝင်ရောက် လှည်ပတ်မှု များမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး ယခုနှစ် အစပိုင်းတွင်လည်း ကမ္ဘာလှည့် ခရီးသည် တင် အပျော်စီးသင်္ဘော ၆ စင်းထပ်မံ ဝင်ရောက်ရန် ရှိနေသည်ဖြစ်၍ ယခု ၂၀၁၆ ခုနှစ်တွင် ပိုမို တိုးတက် လာနိုင်သည့် အလားအလာကောင်းများ ရှိနေကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာလှည့််အပျော်စီးသင်္ဘောများဖြင့် ဝင်ရောက်လည်ပတ်ရာ၌ ယခင်နှစ် ၂၀၁၄ ခုနှစ်တွင် သင်္ဘောစီးရေ ၁၈ စီး ဝင်ရောက်၍ ကမ္ဘာလှည့်ခရီးသည် ၁၈၆၁၁ ဦးလည်ပတ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် သင်္ဘောစီးရေ ၂၅ စီး ဝင်ရောက်၍ ကမ္ဘာလှည့်ခရီးသည် ၂၆၀၀၀ ခန့် ဝင်ရောက် လည်ပတ် ခဲ့ သောကြောင့် ၃၈ ရာခိုင်နှုန်း တိုးတက် လာကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် နိုင်ငံခြားသားခရီးသည်များသည် အပြည်ပြည် ဆိုင်ရာ လေကြောင်း ၊ ရေကြောင်းလိုင်းများ သာမက နယ်စပ်ဝင်ပေါက်/ ထွက်ပေါက်များမှတစ်ဆင့် မော်တော် ယာဉ်တန်း ၊ ဆိုင်ကယ် ယာဉ်တန်း ၊ စက်ဘီး ယာဉ်တန်း ခရီးစဉ်များ ၊ စက်တပ်ရွက်လှေခရီးစဉ်များ၊ ဧရာဝတီ မြစ်ကြောင်း ၊ချင်းတွင်း မြစ်ကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လည်ပတ်လျက်ရှိသည့်အပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး ယာဉ်တန်းခရီးစဉ်များဖြင့်လည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လည်ပတ်လျက် ရှိကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.