Connect with us

Culture & Entertainment

၆ ကြိမ်မြောက် MEMORY နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ရန်ကုန်မြို့တွင်ကျင်းပမည်

နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့်ပတ်သက်သည့် ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--Memory Film Festival )

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

၆ ကြိမ်မြောက် MEMORY နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၉ရက် မှ ၁၈ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲကျင်းပမည့်ဆယ်ရက်အတွင်း မြန်မာနှင့် နိုင်ငံတကာမှ ရုပ်ရှင်ကားပေါင်း ၇၅ကားကို အခမဲ့တင်ဆက် ပြသသွားမည်ဖြစ်သည်။

ခေတ်ဟောင်းဂန္တဝင်နှင့် ခေတ်သစ်ရုပ်ရှင်ကားပေါင်း ၂၀ ဖြင့် နိုင်ငံတကာမှ ရုပ်ရှင်ဒါရိုက်တာများ၏ အနုပညာလက်ရာတို့ကို သတင်းစာပညာ၏ ရှုထောင့်အမျိုးမျိုးတို့မှ ပုံဖော်ပြသသွားရန်ရည်ရွယ်ထားကြောင်း၊ ကိုလံဘီယာ၏ ရုပ်ရှင်အမွေအနှစ်ကို အထူးပြုထားသော ဂန္တဝင်ကားပေါင်း၁၃ကားနှင့် ခေတ်ပေါ်ကား များကို တင်ဆက်ပြသသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဝင်ရောက်ကြည့်ရှုခွင့်မှာ အခမဲ့ ဖြစ်ကြောင်း၊ ရုပ်ရှင်ပွဲတော်ကျင်းပမည့် တည်နေရာများမှာ

ရုံတွင်းပြသမှုဝဇီရာရုပ်ရှင်ရုံ (နိုဝင်ဘာ ၉ – ၁၈) ရက်၊ ရုံပြင်ပ ပြသမှု

မဟာဗန္ဓုလပန်းခြံ- (နိုဝင်ဘာ ၁၀ – ၁၁ – ၁၂ရက်) မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ရန်ကုန်မြို့တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.