Connect with us

Culture & Entertainment

တတိယအကြိမ်မြောက် ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကျင်းပမည်

တတိယအကြိမ်မြောက် ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ နှင့်ပတ်သက်သည့်ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- Film Development Center)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ့ရုပ်ရှင်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် တတိယအကြိမ်မြောက် ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုး တိုးတက်ရေး ဆွေးနွေးပွဲများကို ဒီဇင်ဘာလ ၁ ရက်၊ နေ့လယ် (၁၂း၃၀) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရုပ်ရှင်အနုပညာရပ်ဝန်းရှိ Film Development Center (FDC)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဒါရိုက်တာဏကြီး၊ဒါရိုက်တာဇော်ဇော် Ad.Leono နှင့် ဇာတ်ညွှန်း L မင်းပြည့်မွန်တို့က “ ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၁)” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် ( ၃ – ၁၁ -၂၀၁၈ ) ရက် (စနေနေ့)၊ နေ့လယ် (၁၂း၃၀)နာရီတွင် “ ရုပ်ရှင်နှင့် မြန်မာ့ဟန် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒုတိယအကြိမ်(၁၇-၁၁-၂၀၁၈)ရက် (စနေနေ့)၊ နေ့လယ် (၁၂း၃၀)နာရီတွင်“ဇာတ်ညွှန်းနှင့်ရင်းနှီးမြှပ်နှံမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း Film Development Center (FDC) မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.