Connect with us

Culture & Entertainment

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မိုးကုတ် (မုံတွင်း) အင်းကို ရှေးဟောင်း အမွေအနှစ် အဖြစ် ထိန်းသိမ်း ပေးရန် တင်ပြသွားမည်

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မိုးကုတ် (မုံတွင်း) အင်းအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် အတွင်းမှ နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မိုးကုတ်(မုံတွင်း) အင်းကို ယင်းမြို့ရှိ အရပ်ဘက် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်း များနှင့် ဒေသခံများ က ရှေးဟောင်း အမွေအနှစ် အဖြစ် ထိန်းသိမ်း ပေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း စိမ်းလန်း မိုးကုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

အဆိုပါ အင်းသည် ကိုလိုနီခေတ် က ကျောက်မျက် တူးဖော်ရာတွင် ဖြစ်ပေါ်လာသည့် ချိုင့်ဝှမ်းမှ အင်းအဖြစ ်ပြောင်းလဲသွားခြင်း ဖြစ်ပြီး မိုးကုတ်မြို့သူ၊ မြို့သားများက မြို့၏ အထင်ကရ နေရာတစ်ခု အဖြစ် သတ်မှတ်ထား ကြသည်။ လက်ရှိတွင် တချို့ အင်းပေါင်များ မှာလည်း ခိုင်ခံ့မှု မရှိတော့ဘဲ ပြိုကျ ပျက်စီးမှုများ ရှိနေခြင်းကြောင့် ပြန်လည် ပြုပြင်မှုများ ဆောင်ရွက်ထား ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.