Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလအတွင်း ပုံမှန်အပူချိန်ထက် ပိုပူနိုင်ဟုဆို

မိုးလေ၀သအခြေအနေပြ ကောင်းကင်ဓာတ်ပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးတွင် လာမည့်ဧပြီလတွင် နေလမ်းကြောင်းတည့်မတ်ချိန်ဖြစ်သည့်အတွက် ပုံမှန်အပူချိန်ထက် ပိုပူနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

”အဓိကကတော့ မတ် ၂ဝ ရက်နောက်ပိုင်း နေလမ်းကြောင်းတည့်မတ် ချိန် ဖြစ်လာတဲ့အတွက် လာမယ့်ဧပြီလမှာ မန္တလေးမြို့က ပုံမှန်နေ့အပူချိန်တွေ ထက် အနည်းငယ်ပိုပူနိုင်ပါတယ်၊ သြင်္ကန်မိုးတွေ ရွာနိုင်ခြေများပါတယ်၊ ထစ်ချုန်း မိုးတွေနဲ့အတူ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာတွေ အဖြစ်များမှာပါ၊ မိုးခြိမ်းသံ ကြားရရင် သတိပြုရန်ဖြစ်ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ)၏ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ် ဧပြီ ၂၃ ရက်တွင် မန္တလေးမြို့၌ စံချိန်တင်အမြင့်ဆုံးအပူချိန် ၄၄ ဒသမ ဝ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး စူးစမ်းလေ့လာထားသည့် မိုးလေဝသစခန်း ၁၉ ခုမှ ဆန်းစစ်သုံးသပ်ချက်များအရ မြန်မာနိုင်ငံ၏ ရာသီ ဥတု ပြောင်းလဲနေပြီဖြစ်သည်။၁၉၈၁ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အတွင်း ပျမ်းမျှအပူချိန်များမှာ ဝ ဒသမ ၂၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာခဲ့သည်။မန္တလေးမြို့၌ ယနေ့အမြင့်ဆုံး နေ့အပူချိန်မှာ ၃၈ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး ဧပြီလဆန်းရက်များတွင် မိုးလေဝသအခြေအနေ ခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၌ မတ် ၂၈ ရက်တွင် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.