Connect with us

Environment, Disasters & Accidents

ကြာအင်းဆိပ်ကြီးမြို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် လူဦးရေ ၃၀၀ကျော် ပြောင်းရွှေ့

ရေဘေးသင့်ပြည်သူများအား တပ်မတော်မှ ကူညီပြောင်းရွေ့ပေးနေစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၆)ရပ်ကွက်တွင်း မြစ်ရေလျှံ၍ အိမ်ထောင်စု ၈၂ စု၊ လူဦးရေ ၃၅၈ ဦး ပြောင်းရွှေ့နေထိုင်နေရကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၉ ရက်နေ့မှ စတင်ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နှင့်ရေဘေးကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။(Xinhua)