Connect with us

Environment, Disasters & Accidents

ပုလောမြို့နယ် ကျောက္ကာရွာတွင် မီးလောင်ကျွမ်းမှု အား မွန်းလွဲပိုင်းတွင် ထိန်းနိုင်ပြီဖြစ်၊ လက်ရှိတွင် မီးကြွင်းမီးကျန် ငြိမ်းသတ်နေ

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-Myanmar Fire Services Departmet Facebook)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စတင် လောင်ကျွမ်းသော မီးသည် နေ့လည် ၁၂း၁၅ နာရီတွင် မီးထိန်းနိုင်သည့် အဆင့်သို့ ရောက်ရှိပြီး၊ လက်ရှိ နေ့လည် ၃ နာရီ ဝန်းကျင်တွင် အချိန်တွင် မီးကြွင်း၊ မီးကျန်များအား ငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ က ဆင်ဟွာကို ပြောသည်။

၎င်း တာဝန်ရှိသူက “ ဖေ့ဘွတ်မှာတော့ အိမ်ခြေ ၆၀၀ ကျော်ပါတယ်ဆို ပြောနေတာရှိတယ်။ ကျွန်တော်တို့ ဆီကိုတော့ ဒေသခံ မီးသတ်တပ်ဖွဲ့ကနေ အတိအကျသတင်း ပို့တာ မရှိသေးပါဘူး။ ဘယ်ကနေ စလောင်တယ်ဆိုတာ လည်း လောလောဆယ် သတင်း မရရှိသေးပါဘူး’’ ဟု ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-Myanmar Fire Services Departmet Facebook)

ကျောက္ကာရွာတွင် အိမ်ခြေ ၉၀၀ ခန့်ရှိပြီး ပင်လယ် ကမ်းခြေရွာ ဖြစ်သောကြောင့် မီးသတ်ကား မဝင်နိုင်ဘဲ ပင်လယ်ရေကို ရေစက်ဖြင့် မောင်းတင်၍ မီးငြိမ်းသတ်ရကြောင်း ၊သို့ဖြစ်ပါ၍ မီးငြိမ်းသတ်ရန် ကြန့်ကြာမှု ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)